တစ်သက်တာ အနာရောဂါ ကင်းစင်ကြရအောင်

 

1903 လောက် ကထဲက Thomas Edison က “အနာဂါတ်မှာ လူနာတွေ ကို ဆေး ပေးပြီးကုသတော့မှာမဟုတ်ဘဲ အစားအသောက်ကို ဂရုစိုက်ခိုင်းပြီး ရောဂါတွေကို ကာကွယ်ခိုင်းကြလိမ့်မယ်”လို့ဟောကိန်းထုတ်ခဲ့ပါတယ်။

မြန့်မာ့တိုင်းရင်းဆေးပညာမှာလဲ အစာလဲဆေး ဆေးလဲအစာ  ဆိုသလို ဓါတ်စာနဲ့ ကု သတဲ့ ကုထုံး ဟာလဲ ရှေးခေတ် အဆက် ဆက် ကထဲ  ယနေ့ခေတ် တိုင်အောင် ကုသနေဆဲဖြစ်ပါတယ်။

ကျန်းမာရေးဆိုတာ လူသားတွေ အတွက် အရေးကြီးဆုံး အရေး ကိစ္စ ဖြစ်ပါတယ်။ယနေ့ခေတ်မှာနာတာရှည်ရောဂါတွေ အဖြစ်များလာသလို ဆေးကုသ စာရိတ်ကလဲ ကြီးမြင့်လာပါတယ်။

လူသားတွေဟာ ရောဂါတွေအတွက် ဆေးဝါးတွေ သာမှီခို နေကြပြီး  ဘေးထွက် ဆိုးကျိုးတွေကိုတော့ သတိမ ပြုမိကြပါဘူး။ တကယ်တော့ သဘာဝက ပေးထားတဲ့ နေရောင်ခြည် ၊ လေကောင်းလေသန့်၊ သောက်သုံးရေတို့ဟာ ဘေးထွက်းဆိုးကျို အနဲ ဆုံး နဲ့ ကုန်ကျစာရိပ် အသက်သာဆုံး ဆေးဝါးကောင်းတွေဖြစ်ကြပါတယ်။ မီးဖိုချောင် ဟာ ဆေးခန်း တခုဖြစ်ပြီး နေ့စဥ် စားသောက်နေတဲ့ အစားအသောက် တွေဟာလဲ ဆေးဝါးတွေဘဲဆိုတာ သတိပြုမိဘို့ လိုပါတယ်။

ဒါကိုသဘောပေါက်ရင် ကိုယ်ကိုင်ထားတဲ့ ဇွန်း နဲ့ ခက်ရင်းကို အသုံးပြုပြီး ရောဂါ ပေါင်း စုံ  တွန်းလှန် ဖယ်ရှားနိုင်စွမ်းရှိပါတယ်။

သီးပင် စားပင် တွေ ကို အခြေ ခံတဲ့ Whole-food, Plan base diet လေး သိထားဘို့ လိုပါတယ်။

Whole ဆိုတာက ပြုပြင်ဖန်တီးမှု လုံးဝမပါ ခြင်း အနဲ ဆုံးကိုဆိုလိုပါတယ်။

Plan base diet ဆိုတာက အသီးအရွက်တွေ ကို အဓိက စားသုံးခြင်းကို ဆိုလိုပါတယ်။

အစားအသောက် ပြုပြင်ပြောင်းလဲမှုကို အစပိုင်း မှာ တဖြည်းဖြည်းခြင်း ပြုလုပ်ဖို့လိုပါတယ်။

လူတိုင်းအကြိုက်ခြင်းမတူတဲ့အတွက်  အခြေအနေ အချိန်အခါ နေရာဒေသပေါ်မှု တည်ပြီးပြုပြင်ချိန်ညှိဘို့လိုပါတယ်။

နေ့စဥ်လူတွေ စားသုံးနေတဲ့ အစား အသောက်တွေကို အစိမ်း၊အဝါ၊ အနီ ဆိုပြီး အုပ်စု သုံးစု ခွဲ ကြည့်မည်ဆိုရင်

(၁)လူသားတွေပြုပြင် စီမံမှု မရှိသလို အန္တရာယ်ရှိတဲ့ ဓာတု ပစ္စည်းမပါဝင်တဲ့သဘာဝအသီးအရွက်အစားအသောက်များ(လတ်ဆတ်တဲ့ ခရမ်းချဥ်သီးဖျော်ရည်လိုမျိုးအသီး အရွက် ဖျော်ရည်များ၊အဆီမပါတဲ့ကိုကီုးအမှုန့်၊ဗာဒံစေ့ စသည်ဖြင့်)

( ၂ )ပြုပြင်စီမံမှု အနည်းအငယ် ပါဝင်တဲ့ အသီးအရွက်တွေ။

(သခွါးသီး စား ရေစိမ်၊အသား၊နို့၊ဥစသည်ဖြင့်)

(၃)ပြုပြင်မွန်းမံမှု အရမ်းများတဲ့ အသီးအရွက်နဲ့ ပြုပြင် မှု အနည်းငယ်ပါတဲ့ တိရိစ္ဆာန်ထွက် ပစ္စည်းတွေဖြစ်ပါတယ်။(ဝက်ဆားနယ်၊ဝက်ပေါင်ခြောက်၊ စည်သွတ်ထားတဲ့ အသားနဲ့ငါး စသည်ဖြင့်)

အစိမ်းရောင် အုပ်စု(၁) ကိုများများစားသုံးပေးပြီးအဝါရောင် အုပ်စု(၂) အစားအသေက်ကိုနဲနဲ ပဲစားသုံးရပါမယ်၊ အနီရောင်အုပ်စု(၃)ကိုတော့ ပါးစပ်ထဲ လုံးဝမထည့်မိအောင်ကြီုးစာရမှာဖြစ်ပါတယ်။

ဘယ်အစားအသောက်ကိုမှ ကျန်းမာရေးအတွက် ကောင်းတယ်/မကောင်းဘူးဆိုပြီး တစ်ထစ်ချသတ်မှတ်လို့မရပါဘူး။ 

တကယ်လို့ အဝါရောင် အုပ်စု(၂)နဲ့ အနီရောင်အုပ်စု (၃)အစားအသောက်တွေက အစိမ်းရောင် အုပ်စု(၁) အစားအသောက်တွေကို စားသောက်ဖြစ်အောင် အကူညီ ပေးနိုင်တယ်ဆိုရင် သူတို့ကိုလဲ အကျိုးရှိတယ် ပြောရပါမယ်။ဥပမာ အစိမ်းရောင်အုပ်စု(၁)က အရွက်သုပ်တစ်ပန်းကန် စားဖြစ် ဖို့ အတွက် အရသာရှိမဲ့ အနီရောင် အုပ်စု(၃)ထဲကအစားအသောက်လေးနဲနဲ ထည့်စားမယ်ဆိုရင် သိပ်ပြဿနာ မရှိပါဘူး။

ကျန်းမာရေးအတွက် အကျိုးရှိအစားအစာတွေစားမယ်ဆိုရင် အကျိုးမရှိတဲ့ အစားအစာတွေကို လက်လွတ်နိုင်စွမ်းရှိရပါမယ်။ဘာမှ မခွဲခြား စားချင်တာအကုန် စားမယ်ဆိုကြာလာရင်ကျန်းမာရေး ချို့ယွင်း လာမှာပါ။အဲဒီ အချိန် ပြင်ပကဆေးဝါး အကူအညီ ယူရတော့မှာပါ။ဒီဆေးတွေက ဘေး ထွက်ဆိုးကျိုးတွေ ရှိတယ်ဆိုတာ မေ့မထားသင့်ပါဘူး။

Plant-Based diet အစာအသောက်တွေနဲ့ ဆေးဝါးတွေရဲ့မတူညီတဲ့ ပထမ အချက်က ဘေးထွက် ဆိုးကျိုး နည်းပါးခြင်းပဲဖြစ်ပါတယ်။ အကိုက်အခဲ ပျောက်ဆေး Aspirin ကိုကြည့်ပါ သွေးကျဲစေတဲ့သတ္တိ ရှိသလို ကင်ဆာရောဂါ ဖြစ်ပွါးနိုင်မှု ကို လျောကျစေပါတယ် ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးက  သွေးကျဲစေတဲ့ အာနိသင်ကြောင့် ဦးနှောက်ထဲ သွေးယိုယိုစိမ့် မှု(Hemorrhagic stoke)ကို ဖြစ်ပေါ် စေနိုင်ကြောင်းတွေရပါတယ် ဒါတင်မက အူလမ်းကြောင် နံရံတွေ ပျက်စီးစေပြီး အစာအိမ်ကို ဒုက္ခပေးနိင်ပါသေးတယ်။

တကယ်တော့ Aspirin ရဲ့ အကျိုးကျေးဇူတွေဟာ သူ့မှာပါဝင်တဲ့  salicylic acid ကနေရရှိ ခြင်းဖြစ်ပါတယ်။

salicylic acid ကို မိုးမခပင်(willow) ရဲ့ အခေါက်မှ ထုတ်ယူလေ့ရှိပြီး တခြား သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပေါပေါများများတွေ့နိုင်ပါတယ်။အထူးသဖြင့် ဆေးပင်တွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေမှာ ပါဝင်မှုပိုများတာတွေရပါတယ်။ ဇီယာ လက်ဖက်ရည်ဇွန်းတစ်ဇွန်းမှာ ကလေးတွေသောက်တဲ့ Aspirinပမာနလောက်ပါဝင်ပါတယ်။ဆေးပြားသောက်သုံးခြင်းထက် သဘာဝအစားအစာ က ပိုမိုအန္တရာယ်ကင်းပါတယ်။

Plant-Based dietအစာအသောက်တွေ နဲ့ ၊ဆေးဝါးတွေရဲ့မတူညီတဲ့ ဒုတိယ အချက်က ဆေးဝါးတွေ ထက် အာနိသင်ပိုကောင်းခြင်းဖြစ်ပါတယ် ကိုလက်စထရော ကျစေတဲ ဆေးဝါးတွေဟာ နှလုံးရောဂါနဲ့ သေးဆုံးနိုင်ခြေကို  ခြေက်နှစ်ကြာမှ  3% သာ ကျဆင်းစေနိုင်ပြီး  အသီးအရွက်ကိုအခြေခံတဲ့ အစားအသောက်တွေက အဲဒီဆေးတွေလောက် အဆ နှစ်ဆယ်လောက် ပိုအစွမ်းထက်ပြီး၊ လေးနှစ်အတွင်းသေဆုံးနိုင်ခြေ 60%လောက် ထိလျော့ချပေးနိုင်တာတွေရပါတယ်။

Plant-Based diet အစာအသောက်တွေနဲ့ ဆေးဝါးတွေရဲ့မတူညီတဲ့ တတိယ အချက်ကကောင်းကျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် တစ်ခုထက်မကရရှိ ခြင်းပါပဲ။ လေ့လာမှုအရ နှမ်းကြတ်စေ့ (flaxseed)ရဲ့ သွေးတိုးကျစေတဲ့ အာနိသင်ဟာ ဆေးဝါးတွေထက် နှစ်ဆသုံးဆ ပိုကောင်းတယ်လို့သိရပါတယ်။ ဒါတင်မကသေး နှမ်းကြတ်စေ့ ဟာ ကင်ဆာရောဂါကိုတိုက်ဖျက်ပေးနိုင်သလို ၊ ကိုလက်စထရောနဲ့ သွေးတွင်းသကြား ဓာတ်ကိုလဲထိန်းညှိ ပေးနိုင်ပါသေးတယ် နှမ်းကြတ်စေ့ ဟာ အာနိသင် တစ်မျိုးထက်မကရှိ ပြီး ဘေးထွက်ဆိုးကျိုး ရှိတဲ့ ဆေးတွေနဲ့စာရင် အများကြီးအကျိုးကျေးဇူးရှိစေနိုင်တာတွေရပါတယ်။

                 သက်ကြီးရွယ်အို 42000 လောက်ကို လေ့လာ ကြည့်တဲ့အခါ  အသက် ၁၀၀ ကျော် ထိနေသွားကြတဲ့လူတွေရဲ့ ၁၀၀% သေဆုံးမှုဟာ ကြိုတင်ကာကွယ်လို့ ရတဲ့ရောဂါ တခုခုကြောင့် ဆုံးပါး သွားခဲ့ရကြောင်း လေ့လာတွေရှိခဲ့ရပါသည်

ကင်ဆာရောဂါ

Plant-Based dietက ကင်ဆာရောဂါ ကိုကာကွယ်နိုင်ပုံ ပထမတင်ပြသွာပါမယ်အူလမ်းကြောင်း ကင်ဆာဟာ အမေရိကန်သား 1,000,000 လောက်ကို နှစ်စဥ် သတ်ဖြတ်နေတဲ့ရောဂါတခုဖြစ်ပါတယ်။ဒါပေမဲ့ အိန္နိယ နိုင်ငံ သားတွေက  အမေရိကန်တွေထက် ကင်ဆာဖြစ်နိုင်ခြေ ပိုနည်းတာ တွေနိုင်ပါတယ်။ အိန္နိယ မှာစားသုံးကြတဲ့ အစိမ်းရောင်အသီးအရွက် တွေအပြင် ဟင်းလျာထဲမှာ ထည့်သုံးကြ တဲ့ နနွင်း(Turmeric) ဟာ ကင်ဆာ ကာကွယ်ရေးမှာ အဓိကကြတဲ့နေရာကပါဝင်ပါတယ်။ နနွင်း ထဲမှာပါတဲ့ Curcumin  ဓာတ်က ကင်ဆာဆဲတွေ တားဆီး၊ သေ စေနိုင်စွမ်းရှိပါတယ်။ လူ့ခန္နာ ကိုယ်ထဲက  ဆဲလ် အားလုံးဟာ အိုမင်း ရင့်ရော်လာသောအခါ သူတို့ ကိုယ်သူတို့ ဖျက်ဆီးပြစ်ပြီး ဆဲလ် အသစ်တွေ အတွက်အစားထိုးဝင်ရောက်နိုင်အောင် နေရာဖယ်ပေး လေ့ရှိပါတယ်။ ဒါပေမဲ့ ကင်ဆာဆဲလ်တွေ ကတော့ ဆဲလ်အဟောင်း တွေရဲ့သေးဆုံးမှုကို တားမြစ်လိုက်ပြီး ဆဲလ်တွေ အမြဲမပြတ်ပွါးအောင်ပြုလုပ်လိုက်ပါတော့တယ်။ မကြာခင်မှာ ကင်ဆာကျိတ်တွေဖြစ်လာပြီး တကိုယ်လုံးပြန့်နှံ သွားပါတော့တယ်။ ဆဲလ်အဟောင်းတွေ သေ ဆုံးအောင်လုပ်ဆောင် ပေးသူ ကတော့ Caspases အင်ဇိုင်းတွေပဲဖြစ်တယ်။ နနွင်းထဲမှာပါတဲ့ Curcumin ဟာ Caspases အင်ဇိုင်းတွေကို တိုက်ရိုက် လှုံ့ ဆော်ပေးနိုင်တာကြောင့် ဆဲလ်အဟောင်းတွေရဲ့သေဆုံးမှုကိုပုံမှန် လုပ်ဆောင်နိုင်စွမ်းရှိသွားစေပါတယ်။ နနွင်းကို နေ့စဥ်အစားအသောက်ထဲ ထည့်သွင်း စားသောက်ခြင်းဖြင့် အကျိုးများစေနိုင်ပါတယ်။

ခရမ်းရောင် ဘယ်ရီသီး Acai berry သီးဟာလဲ သွေးကင်ဆာ  Leukemia ကို ကာကွယ်နိုင်ပါတယ်လေ့လာမှုတစ်ခုမှာ အသက် 36နှစ်အရွယ်  သွေးကင်ဆာ ရောဂါရှင် အမျိုးသမီး ရဲ့ ကင်ဆာဆဲလ် တွေပေါ် ဘယ်ရီသီး Acai berry အနှစ် ချ ကြည့် စမ်းသပ်တဲ့အခါ ဆဲဟောင်း36% လောက်သုတ်သင်ဖယ်ရှားပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။ နောက်ထပ် စမ်းသပ်မှုတခုက ဘယ်ရီသီး အမှုန့် ကို ဖန်သားပြင်ပေါက ကိုယ်ခံအားဆဲလ် တွေပေါ် ဖြူးကြည့်ခဲတဲ့အခါ  ရလဒ်အနေနဲ့ ကိုယ်ခံအားဆဲလ် ရဲ့ ပိုးမွှား တွေကိုဝါးမျို တိုက်ခိုက် နိုင်စွမ်း ဟာ 40%အထိ တိုးတက်လာကြောင်းတွေ့ရသည်ဟုဆိုပါသည်။

နှစ်လုံးရောဂါ

နှစ်လုံးသွေးကြောပိတ်ရောဂါဟာ အမေရိကား မှာ လူသေအများဆုံး နံပါတ်၁၅ အဆင့် ရှိတဲ့ရောဂါဖြစ်ပါတယ်လူအများစုက နှလုံးရောဂါ ဆိုတာ မျိုးရိုးဗီဇ နဲ့ အသက်ကြီး လာရင် ဖြစ်နေကြ ရောဂါလို ထင်ကြပေမဲ့ လေ့လာမှု တွေအရ 1930-1940 နှစ်တွေမှာအာဖရိကတိုက် အရှေ့ပိုင်းက ယူဂန်ဒါ နိုင်ငံမှာ နှစ်လုံးသွေးကြောပိတ် ရောဂါ တယောက်မှမရှိကြောင်းတွေရှိရပါတယ်။ ဒါပေမဲ့ တ ခြားနိုင်ငံ အလုပ်သွားလုပ်တဲ့ ယူဂန်ဒါ နိုင်ငံသားတွေကတော့ နှစ်လုံးရောဂါ ဖြစ်ပွါးကြောင်းတွေရပါတယ်။ မျိုးရိုးဗီဇ နဲ့ မဆိုင်ပဲ သူတို့ သွားရောက်နေထိုင်အလုပ်လုပ်ခဲ့တဲ့ နိုင်ငံရဲ့ စားသောက်ပုံစံ အသစ်တွေနဲ့အသား ကျသွားလို့ပါပဲတဲ့။

အာဖရိကသားတွေရဲ့ နှစ်လုံးရောဂါ ကို ခုခံနိုင်စွမ်းဟာ မျိုးရိုးဗီဇကြောင့်မဟုတ်ပဲ စားသောက်ပုံ ဓလေ့ထုံးတမ်းတွေကြောင့်သာဖြစ်ပါတယ်။သူတို့နေ့စဥ်စားတဲ့အစားအသောက်တွေမှာ အပင်ကို အခြေခံတဲ့ အနှံ (Grain)  နဲ့ ဟင်းသီးဟင်းရွက်(Vegetable)တွေ အဓိကပါဝင်နေတာတွေရပပါတယ်။

နှစ်လုံးသွေးကြော‌ တွေကိုဒုက္ခပေးတဲ့  Cholesterol ကို  အဓိ ကအားဖြင့်  အသွင်ပြောင်းဆီ(Trans fat) ၊ ပြည်ဝဆီ(Saturated fat) နဲ့ အစားအသောက်က ရရှိတဲ့ Dietary Cholesterol တို့ကနေရရှိပါတယ်။

Trans fat ကို စက်ရုံထုပ် စားသောက်ကုန်၊အသားကနေထုပ်ထားတဲ့ ထုပ်ကုန်တွေ နို့ထွက်ပစ္စည်း၊ ကွေကာအုပ်၊ အာလူးကြော် နဲ့ ချိစ် တွေ စတဲ့ အစားအသောက်တွေမှာ တွေ့နိုင်ပါတယ်။

Saturated fat အများစုကတော့ တိရိစ္ဆာန် ထွက် ကုန်တွေနဲ့ အသင့်စား junk food (ဟော့ဒေါ့၊ ကြက်ကြော်၊ဝက်အူချောင်း)တွေမှာတွေ့ရပြီး။

Dietary Cholesterol ကိုတော့ ကြက်ဥ၊ ဘဲဥ တို့လို တိရိစ္ဆာန်ထွက်ကုန်တွေမှာတွေ့ရပါတယ်။

အထက်မှာ ပြောခဲ့သလို နှစ်လုံး ကို ဒုက္ခ ပေး တဲ့ Cholesterol တိရိစ္ဆာန် ထွက်စားသောက်ကုန်တွေနဲ့ စက်ရုံထုပ်အသင့်စားထုပ်ကုန်တွေမှာအများဆုံးပါဝင်တာ တွေရပါလိမ့်မယ်။

Plan-base diet ကိုသာစာသုံးသူတွေ (ယူဂန်ဒါ ) နှစ်လုံးရောဂါ ဖြစ်ပွါးနိုင်ချေ လျော့နည်း ကြောင်းတွေရပါတယ်။

သွေးတိုးရောဂါ

နှစ်စဥ် ကမ္ဘာ ပေါ် က လူ ကိုးသန်းလောက်ဟာ သွေးတိုးရောဂါ ကြောင့် သေဆုံးနေကြရပြီး တစ်ကမ္ဘာ လုံးက ရောဂါ ကြောင့် သေဆုံးမှု ထဲမှာ အများဆုံးဖြစ်ပါတယ်။ သွေးတိုးရောဂါကနေတဆင့်  နှစ်လုံးရောဂါ ဖြစ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း နဲ့ လေဖြတ်ခြင်း တွေ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်ပါသေးတယ်။

လူအများစုဟာ သွေးတိုးရောဂါ ကိုလဲ အသက်ကြီးလာရင် ဖြစ်တတ်တဲ့ ရောဂါ တခုလို မှတ်ယူထားတတ်ကြပါတယ်။

အာဖရိကတိုက် က ကင်ညာနိုင်ငံ သားတွေဟာ ဆိုဒီယမ်(sodium) ပမာဏ နဲနဲပဲ စား သုံးကြပြီး အသီး အနှံ နဲ့ ဟင်းသီး၊ ဟင်းရွက် တွေကိုပဲ အများဆုံးစားသုံးကြပါတယ်။အသက်၄၀ အရွယ် ကင်ညာနိင်ငံသားနဲ့ ဥရောပသား တွေ ယှဥ်ကြည့်လိုက်ရင် သွေးပေါင်ချိန် 120/80 နှုန်း တူညီနေကြတယ်။

ဒါပေမဲ့ အသက် ၆၀ ရောက်တဲ့အခါ ကင်ညာနိင်ငံသား တွေရဲ့ သွေးပေါင်ချိန 110/70 ပဲရှိပြီး ၊   သက်တူ ရွယ်တူ ဥရောပသားတွေက 140/90 လောက်ရှိနေတာတွေကြရပါတယ်။ ဒါကိုကြည့်ရင် သွေးတိုးရောဂါဟာ အသက်ကြီးလို့ဖြစ်ရတာမဟုတ်ပဲ အစားအသောက် ကြောင့် ဆိုတာ ပြောလို့ရပါတယ်။ အစားအသောက်တွေထဲမှာ နှမ်းကြတ်စေ့ flaxseed ဟာ သွေးတိုးကျစေနိင်တဲ့ အကောင်း ဆုံး သဘာဝ အစားအစာတစ်ခုပါ။ နှမ်းကြက်စေ့ လက်ဖက်ရည်ဇွန်း အနည်းငယ်လောက်စားသုံးပေးခြင်းဟာ  အေရိုးဗစ် လေ့ကျင့်ခန်း လုပ်ခြင်းထက်တောင် ပိုမိုထိရောက်နိုင်ပါတယ်။ ဖရဲ သီးကလဲ တစ်နေ့ကို 907 gram လောက်စားသုံးလျှင် နှမ်းကြက်စေ့နဲ့တူညီတဲ့ သက်ရောက်မှုမျိုး ရရှိနိင်ပါတယ်။ လေ့လာမှုတွေအရ ပဲကြီး၊ပဲလွန်း၊ ပဲနီလေး အစရှိတဲ့ ပဲ မျိုးစုံဟာလဲ သွေးတိုးရောဂါ အတွက် အကျိုးရှိတဲ့ အစားအသောက်တွေဆိုတာ သိရှိရပါတယ်။

နေ့စဥ် စားသုံးပေးရမဲ့ Plan base diet ဆိုတာဘာလဲ?

ကို ဆက်လက်ဖတ်ရှုပေးပါ။

Referent : How not to die  

Credit : Original  Book


Post a Comment

0 Comments