ဘဝမှာဘာလုပ်ချင်တယ်ဆိုတဲ့အိမ်မက်ရှိရမယ်
ဟုတ်တယ်ဟုတ်
ရှောင်မပြေးနဲ့
ဘယ်လောက်ပြေးပြေး
ဒီသံသရာ
ဆုံမှာပါပဲ
ဆုံရပ်ကသတ်မှတ် ပြီးသာမို့လို့ပါ...။
ထိပ်တိုက်ရင်ဆိုင်ပါ
ဘဝရဲ့
အရည်အသွေးဆိုတာ
အတွေ့အကြုံအခက်အခဲက
တစ်ဆင့်ရယူရတာပါ။
ထွက်ပြေးတဲ့အကျင့်ပါနေရင် ပြေးလမ်းရှည်နေမယ်။အောင်မြင်တဲ့ပန်းတိုင် သွားတဲ့လမ်းဆိုတာမလွယ်ကူပါဘူး။
ခရောင်းလမ်းကိုလဲ ဖြတ်ရနိုင်တယ်။ အုတ်တတိုင်းကြီးလဲ ကာဆီးနိုင်တယ်။
ရှောင်မပြေးနဲ့ လှည်မပြန် ခဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်ပါ။
တစ်ခုတော့ရှိတယ် ပြဿနာ ကိုဘယ် လိုဖြေရှင်းသင့်တယ်ဆိုတာ အခြေအနေ အချိန်အခါ နဲ့ နေရာဒေသ
သဘာဝ စတဲ့ အချက် အလက်တွေကို သေချာသုံးသတ်ပြီး သင်တော် တဲ့ နည်းရယူပါ။
အခြေ အနေမတူ အချိန်အခါ ခေတ်အခြေအနေ ခြား ပြီး နေရာဒေသလွဲ ပုဂ္ဂိုလ် သဘာဝ ခြားနား တဲ့ အပေါ် တရားသေ ဖြေရှင်းနည်း ဖေါ််် မြူလာ အတိုင်းထည့် ပြီး တွက်ထုပ် အဖြေရှာရင် လွဲမှား သွာနိုင်ပါတယ်။
အခက်အခဲမရှိရင် လူ့အရည်အခြင်းဆိုတာထွက်မလာပါဘူး။
ဘဝရဲ့အရည်အသွေးဆိုတာ အတွေ့အကြုံ အခက်အခဲ ထဲမှာပဲ ရှိပါတယ်။
ဘာမှမလုပ်ရင် ဘာပြဿနာမှမရှိ နိုင်သလို ဘာအရည်အချင်း ဘာအောင်မြင်မှုမှ မရနိုင်ပါဘူး။
မလုပ် မရှုပ် မပြုတ် ဆိုသလို တိုးတက်မှုကလဲ ရပ် တံ့ နေမှာပဲ။
ကိုယ်တိုင် ဖြေရှင်းပြီးမှ ရလာတဲ့ အခွင့်အရေး အောင်မြင်မှုဟာ အဲ့ဒီလူ အတွက် ဝမ်းသာပီ တိ စွမ်းအင်တွေလဲ
ရှိလာမှာပါ။ မိမိကိုယ်မိမိ ယုံ ကြည်မှု လည်းပိုရှိလာပါတယ်
ဒါကြောင့်
အခက်အခဲကို ရင်ဆိုင်လိုက်ပါ။
တန်ဘိုး
ဆံပင် ဆိုတာ ခေါင်းမှာ ရှိတဲ့အချိန်ပဲ
လူတွေက တန်ဘိုးထားတတ် ကြတာ
ဟင်းခွက်ထဲ ရောက်သွားရင်တော့
လူတိုင်းကရွံ တတ်တယ်
လူဆိုတာ ကိုယ့်နေရာနဲ့ ကိုယ်နေတတ်မှ လူတွေက လေးစားပြီးတန် ဘိုး ထားတတ်ကြတာ။
အဓိပ္ပါယ် ရှိတဲ့ ဘဝ ကိုတည်ငြိမ်ပြီး အေးချမ်း ခြင်းတွေနဲ့ တည်ဆောက်ပါ။
တစ်ယောက် ထဲ အထီးကျန်သလို ခံစား နေရတဲ့ အခါ စာဖတ်ခြင်းနဲ့ အချိန် ကို တန်ဘိုးရှိအောင် အသုံးချပါ။
ဘဝ က သေးဆုံးခြင်း ကို မေး သတဲ့။
"လူတွေက ဘာဖြစ်လို့ ငါ့ကို နှစ်သက်ကြပြီး မင်းကိုကြတော့ မုန်းရတာလဲ"
သေဆုံးခြင်းက ပြန်ပြောသတဲ့
"မင်းက လှပတဲ့ မုသား ဖြစ် နေ ပြီး ငါက နာကျင်စရာ ကောင်းတဲ့ အမှန် တရား ဖြစ်နေလို့ပါ"
အမှန်တရားတွေ ကြား ရတာ နားခါး တယ်။ ပိုခါးတာက အမှန်တရားကို မကြိုက် တဲ့ သူတွေရဲ့ ဘဝ က ပိုခါးသွားလိမ့်မယ် မိတ်ဆွေ။
0 Comments