အကြိုက်ဆုံးစာစုများ


ဘဝမှာဘာလုပ်ချင်တယ်ဆိုတဲ့အိမ်မက်ရှိရမယ် 
အိမ် မက်မရှိသူကသေ သူနဲ့အ တူ တူပဲ ။
လော​ကကြီးမှာအသက်ရှင်လျက်သေနေသူတွေအများကြီးပါ။
သူတို့ကိုယ်သူတို့သေနေကြတယ်ဆိုတာမသိကြတာဟာ အလွန်ဝမ်းနည်းစရာကောင်းပါတယ် ။



လူတိုင်းအသက်ကြီးလာကြမှာပဲ။
အသက်ကြီးလာဘို့ ပါရမီ တွေကျွမ်းကျင်မှုတွေမလိုပါဘူး။
ပြောချင်တာက အသက်ကြီးလာတာနဲ့အမျှ အသိပညာပြည့်ဝဘိုနဲ့ အခွင့်အလမ်း​တွေ ကို ရှာဖွေဖို့ကြိုးစားကြ ပါ။
အဲတာ တွေ မလုပ်ဘဲ တစ် နှစ် အလကား ကြီးမသွားကြ ပါနဲ့ ။



Remember.
 growing older is mandatory. But growing up is optional

"အသက်ကြီးလာတာကို ရှောင်လွဲလို့မရနိုင်ပါဘူး။ 
ဒါပေမဲ့တန်ဘိုးရှိတဲတဲ့ အသက်ကြီးတာကို ရွေးချယ်နိုင်ပါတယ်"


အောင်မြင်မှုဆိုတာ ဘာလဲ

လူတိုင်မှာရည်မှန်းချက်တွေရှိကြတယ် 
ရည်မှန်းချက်တွေက တယေက်နဲ့တယောက်မတူကြပါဘူး။ 
မိမိ ရည်မှန်းချက် ကို
ပြီးမြောက်အောင်ဆောင်ရွက်နိုင်တယ်ဆိုရင်အောင်မြင်တယ်လို့ပြောလို့ ရပါတယ်။
စာမေးပွဲမှာ ဂုဏ် ထူးတွေနဲ့ အောင်မြင်မှ ၊
ပထမအဆင့်ရမှ၊ ချန်ပီယံဖြစ်မှ လူတွေ ရဲ့ချီးကျူးခံရမှ 
အောင်မြင်တယ်ဆိုတဲ့ အတွေးကို စိတ်ထဲက ဖျောက်ပြစ်လိုက်ပါ။

Success= The accomplish of an aim or purpose.


(မျှဝေလို သော အ တွေးများ၊ ဗန်မော်သိန်းဖေ)


ဟုတ်တယ်ဟုတ်

✔ဇွဲမလျော့ပါနဲ့။ ရှုံးနိမ့်ခြင်းနဲ့သာ ရင်မဆိုင်ခဲ့ရင် 
အောင်မြင်ခြင်းဆိုတာသင်ရှာတွေ့မှာတောင် မဟုတ်ဘူး။.....ဟုတ်တယ်ဟုတ်။
✔စိတ်ဓာတ် မကျပါနဲ့ ။ ခါးသီးခြင်းနဲ့သာမထိတွေ့ဘူးဆိုရင်
ချိုမြိန်ခြင်းဆိုတာ ဘယ်လိုအရာလဲဆိုတာတောင်သင်သိမှာမဟုတ်ဘူး။.....ဟုတ်တယ်ဟုတ်။
✔အားငယ်မနေပါနဲ့ ။ ဝမ်းနဲခြင်းဆိုတာ့နဲ့သာသင်မကြုံတွေဖူးရင်
ပျေ်ရွင် ခြင်းဆိုတာကိုလဲ သင်ရှာဖွေမိမှာမဟုတ်ဘူး။.....ဟုတ်တယ်ဟုတ်။
✔စိတ်ပျက်မနေပါနဲ့ ။ လူတွေသာမကဲ့ရဲ့ခဲ့ရင်
သင်ဒီနေ့ဒီချိန်ထိ ကောင်းချီးသြဘာဆိုတာ ဘာမှန်းတောင်သိမှာမဟုတ်ဘူး။.....ဟုတ်တယ်ဟုတ်။
✔ခံပြင်းမနေပါနဲ့ ။ လူတွေသာသင်လုပ်သမျှ မဝေဖန်ခဲ့ကြရင် 
သင်ကြံ့ကြံ့ခံနိုင်စွမ်းကို သင်စမ်းသတ်သိရှိမှာမဟုတ်ဘူး။.....ဟုတ်တယ်ဟုတ်။
✔ဒေါသမထွက်ပါနဲ့ ။ စော်ကား ပြောဆိုခြင်းနဲ့သာ သင်မတွေ့ကြုံခဲ့ရဘူးဆိုရင်
 သည်းခံခြင်းတရားဆိုတာ အဖြူလားအမဲလားလို့တောင် သင်ပိုင်းခြားနိုင်မှာမဟုတ်ဘူး။.....ဟုတ်တယ်ဟုတ်။

ရှောင်မပြေးနဲ့
ဘယ်လောက်ပြေးပြေး
ဒီသံသရာ
ဆုံမှာပါပဲ
ဆုံရပ်ကသတ်မှတ် ပြီးသာမို့လို့ပါ...။

ဘဝဆိုတာ သင်သတ်မှတ် သလိုသာဖြစ်လာမဲ့အရာမို့လို့ သင့်ဘဝတစ်လျှောက်မှာ ကောင်းတဲ့မှတ်တိုင်တွေသာ စိုက်နိုင်သလောက်စိုက်ထူသွားပါ။သင်ဟာဒီလိုလူသားပါလားဆိုတာ နောင်လာနောက်သားတွေ အတုယူရအောင်ပါ။



ထိပ်တိုက်ရင်ဆိုင်ပါ


ဘဝရဲ့
အရည်အသွေးဆိုတာ


အတွေ့အကြုံအခက်အခဲက


တစ်ဆင့်ရယူရတာပါ။


ထွက်ပြေးတဲ့အကျင့်ပါနေရင် ပြေးလမ်းရှည်နေမယ်။အောင်မြင်တဲ့ပန်းတိုင် သွားတဲ့လမ်းဆိုတာမလွယ်ကူပါဘူး။

ခရောင်းလမ်းကိုလဲ ဖြတ်ရနိုင်တယ်။ အုတ်တတိုင်းကြီးလဲ ကာဆီးနိုင်တယ်။

ရှောင်မပြေးနဲ့ လှည်မပြန် ခဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်ပါ။

တစ်ခုတော့ရှိတယ်  ပြဿနာ ကိုဘယ် လိုဖြေရှင်းသင့်တယ်ဆိုတာ အခြေအနေ အချိန်အခါ နဲ့ နေရာဒေသ

သဘာဝ စတဲ့ အချက် အလက်တွေကို သေချာသုံးသတ်ပြီး သင်တော် တဲ့ နည်းရယူပါ။

အခြေ အနေမတူ အချိန်အခါ ခေတ်အခြေအနေ ခြား ပြီး နေရာဒေသလွဲ  ပုဂ္ဂိုလ် သဘာဝ ခြားနား တဲ့ အပေါ် တရားသေ ဖြေရှင်းနည်း ဖေါ််် မြူလာ အတိုင်းထည့်‌ ပြီး တွက်ထုပ် အဖြေရှာရင် လွဲမှား သွာနိုင်ပါတယ်။

အခက်အခဲမရှိရင် လူ့အရည်အခြင်းဆိုတာထွက်မလာပါဘူး။ 

ဘဝရဲ့အရည်အသွေးဆိုတာ အတွေ့အကြုံ အခက်အခဲ ထဲမှာပဲ ရှိပါတယ်။

ဘာမှမလုပ်ရင် ဘာပြဿနာမှမရှိ နိုင်သလို ဘာအရည်အချင်း ဘာအောင်မြင်မှုမှ မရနိုင်ပါဘူး။

မလုပ် မရှုပ် မပြုတ် ဆိုသလို တိုးတက်မှုကလဲ ရပ် တံ့ နေမှာပဲ။

ကိုယ်တိုင် ဖြေရှင်းပြီးမှ ရလာတဲ့ အခွင့်အရေး အောင်မြင်မှုဟာ အဲ့ဒီလူ အတွက် ဝမ်းသာပီ တိ စွမ်းအင်တွေလဲ

ရှိလာမှာပါ။ မိမိကိုယ်မိမိ ယုံ ကြည်မှု လည်းပိုရှိလာပါတယ်

ဒါကြောင့် 

အခက်အခဲကို ရင်ဆိုင်လိုက်ပါ။


တန်ဘိုး

ဆံပင် ဆိုတာ ခေါင်းမှာ ရှိတဲ့အချိန်ပဲ 

လူတွေက တန်ဘိုးထားတတ် ကြတာ

ဟင်းခွက်ထဲ ရောက်သွားရင်တော့

လူတိုင်းကရွံ တတ်တယ်

လူဆိုတာ ကိုယ့်နေရာနဲ့ ကိုယ်နေတတ်မှ လူတွေက လေးစားပြီးတန် ဘိုး ထားတတ်ကြတာ။

အဓိပ္ပါယ် ရှိတဲ့ ဘဝ ကိုတည်ငြိမ်ပြီး အေးချမ်း ခြင်းတွေနဲ့ တည်ဆောက်ပါ။

တစ်ယောက် ထဲ အထီးကျန်သလို ခံစား နေရတဲ့ အခါ စာဖတ်ခြင်းနဲ့ အချိန် ကို တန်ဘိုးရှိအောင် အသုံးချပါ။


ဘဝ  က သေးဆုံးခြင်း ကို မေး သတဲ့။

"လူတွေက ဘာဖြစ်လို့ ငါ့ကို နှစ်သက်ကြပြီး မင်းကိုကြတော့ မုန်းရတာလဲ"

သေဆုံးခြင်းက ပြန်ပြောသတဲ့

"မင်းက လှပတဲ့ မုသား ဖြစ် နေ ပြီး ငါက  နာကျင်စရာ ကောင်းတဲ့ အမှန် တရား ဖြစ်နေလို့ပါ"

အမှန်တရားတွေ ကြား ရတာ နားခါး တယ်။ ပိုခါးတာက အမှန်တရားကို မကြိုက် တဲ့ သူတွေရဲ့ ဘဝ က ပိုခါးသွားလိမ့်မယ် မိတ်ဆွေ။

                                                            စာမဖတ်တဲ့လူ

The men who does not read books has no advantage over

The man cannot read them.
" စာတတ်ပြီး စာမဖတ်တဲ့လူဟာ စာမတတ်တဲ လူ နဲ့ဘာမှ မကွာဖူး"

                             - Mark Twain



Post a Comment

0 Comments