ရှောင်မပြေးနဲ့ ထိပ်တိုက်ရင်ဆိုင်ပါ



ဘဝရဲ့
အရည်အသွေးဆိုတာ


အတွေ့အကြုံအခက်အခဲက


တစ်ဆင့်ရယူရတာပါ။


ထွက်ပြေးတဲ့အကျင့်ပါနေရင် ပြေးလမ်းရှည်နေမယ်။အောင်မြင်တဲ့ပန်းတိုင် သွားတဲ့လမ်းဆိုတာမလွယ်ကူပါဘူး။

ခရောင်းလမ်းကိုလဲ ဖြတ်ရနိုင်တယ်။ အုတ်တတိုင်းကြီးလဲ ကာဆီးနိုင်တယ်။

ရှောင်မပြေးနဲ့ လှည်မပြန် ခဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်ပါ။

တစ်ခုတော့ရှိတယ်  ပြဿနာ ကိုဘယ် လိုဖြေရှင်းသင့်တယ်ဆိုတာ အခြေအနေ အချိန်အခါ နဲ့ နေရာဒေသ

သဘာဝ စတဲ့ အချက် အလက်တွေကို သေချာသုံးသတ်ပြီး သင်တော် တဲ့ နည်းရယူပါ။

အခြေ အနေမတူ အချိန်အခါ ခေတ်အခြေအနေ ခြား ပြီး နေရာဒေသလွဲ  ပုဂ္ဂိုလ် သဘာဝ ခြားနား တဲ့ အပေါ် တရားသေ ဖြေရှင်းနည်း ဖေါ််် မြူလာ အတိုင်းထည့်‌ ပြီး တွက်ထုပ် အဖြေရှာရင် လွဲမှား သွာနိုင်ပါတယ်။

အခက်အခဲမရှိရင် လူ့အရည်အခြင်းဆိုတာထွက်မလာပါဘူး။ 

ဘဝရဲ့အရည်အသွေးဆိုတာ အတွေ့အကြုံ အခက်အခဲ ထဲမှာပဲ ရှိပါတယ်။

ဘာမှမလုပ်ရင် ဘာပြဿနာမှမရှိ နိုင်သလို ဘာအရည်အချင်း ဘာအောင်မြင်မှုမှ မရနိုင်ပါဘူး။

မလုပ် မရှုပ် မပြုတ် ဆိုသလို တိုးတက်မှုကလဲ ရပ် တံ့ နေမှာပဲ။

ကိုယ်တိုင် ဖြေရှင်းပြီးမှ ရလာတဲ့ အခွင့်အရေး အောင်မြင်မှုဟာ အဲ့ဒီလူ အတွက် ဝမ်းသာပီ တိ စွမ်းအင်တွေလဲ

ရှိလာမှာပါ။ မိမိကိုယ်မိမိ ယုံ ကြည်မှု လည်းပိုရှိလာပါတယ်

ဒါကြောင့် 

အခက်အခဲကို ရင်ဆိုင်လိုက်ပါ။

Credit : Original Author



Post a Comment

0 Comments