Beer ကို ခုခေတ်မှပေါ််လာတဲ ခေတ်ပေါ််သောက်စရာ မထင်လိုက်ပါနဲ့ လူ့သမိုင်းမှာ ရေကလွဲရင် ရှေးအကျဆုံးသောက်စရာတခုပါတဲ့ခင်ဗျာ။
BC10000 လောက်က Fertile crescent လခြမ်းရပ်ဝန်းဒေသ ကလူတွေဟာ လယ်ယာစိုက်ပျိုးမှုတွေတောင်မလုပ်တတ်သေးဘဲ ရေကြည်ရာ မြက်နုရာလှည့်လည်နေထိုင်ကြသတဲ့ အမဲလိုက်ရင်းသဘာဝအတိုင်းပေါက်နေတဲ့သစ်သီးဝလံများလည်းဆွတ်ခူးစားသောက်ကြပါတယ်။ဘာမှစားစရာမရှိရင် အုတ်ဂျုံအနှံရိုင်း တွေရေနဲ့ရောစားတာ၊ ဆန်ပြုတ်ပြုတ်စားကြသတဲ့။ တစ်နေ့သူတို့လွင့်ပစ်ခဲ့တဲ ဆန်ပြုတ်တွေ ရက်အနည်းငယ်ကြာတဲ့အခါအမြုပ်တစီစီနဲ့အရသာရှိနေတာကို တွေကြသတဲ့ နောက်ပြီးလူတွေကိုလဲ နည်းနည်း မူးယစ်စေသတဲ့။တကယ်ကအနှံထဲက ကစီဓာတ်ဟာ စိုစွတ်လာချိန် သကြားအဖြစ်ပြောင်းကာ ရက်အနည်းငယ်ကြာသွားသောအခါ လေထဲမှာရှိတဲ့ သဘာဝ တဆေးရိုင်းwild yeast နဲ့ဓာတ်ပြုပီး အယ်ကောဟောအဖြစ်ပြောင်းလဲသွားရာက ဘီယာအဆင့် ရောက်လာတာပါ။ ဒါကလူတွေက သောက်စရာအဖြစ် တီထွင်ခဲ့တာမဟုတ်ပဲ မတော်တဆ တွေရှိခဲ့ တာပါ။
ဒါပေမဲ့လူတွေကဘီယာတွေရှိမှုနဲ့ပတ်သက်ပြီး အရမ်းစိတ်ဝင်စားလှုပ်ရှားခဲ့ပြီး တိုးတက်ကောင်းမွန်အောင်ကြိုးစားခဲ့ကြသတဲ့။ဘီယာအရသာပိုကောင်းမွန်အောင်လုပ်နိုင်လာကြသလို အရသာ အပြင်းအပျော့ကိုလဲချိန်ညှိပြောင်းတတ်လာကြသတဲ့။ ဘီယာအမျိုးစားပေါင်းများစွာလဲ လခြမ်းရပ်ဝန်းဒေသမှာထွက်ပေါ််လာ ပါတောတယ်။
BC3000 လောက်မှာ မြေထဲပင်လယ် အနီးက အီဂျစ်နဲ့ မက်ဆိုပိုတေးမီးယား ဒေသတွေ မှာ အစောဆုံးလူ့အဖွဲ့ အစည်း ပေါ််လာ သလို ဘီယာကလဲ ဒီဒေသကလူတွေရဲ့ အထိမ်းအမှတ် အဖျော် ယမကာ ဖြစ်လာခဲ့ပါတယ်။
ဘီယာသောက်သူတွေက မြို့သားတွေဖြစ်ပြီး မသောက်သူတွေကို လူရိုင်း တွေ အဖြစ်သတ်မှတ်ကြပါသတဲ့။
အဲဒီလူ့ အဖွဲ့ အစည်းတွေက ဘီယာ ကို ဘုရားပေးတဲ့ လက်ဆောင်လို့ ယူဆကြပြီး ဘုရားသခင်တွေ က သူတို့ တကယ်ရှိကြောင်း လူ တွေကို သက်သေ ပြဘို့အတွက် ဘီယာချက် လုပ်ပုံ ကို လူသားမျိုးနွယ်ကို သင်ပေးခဲ့ကြတယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဘာသာရေး အခန်းအနားတွေနဲ့ ယဇ် ပူဇော် ပွဲတွေမှာ ဘီယာကိုအသုံးပြုခဲ့ကြတာတွေရပါတယ်။
ဘီယာ ဟာ ငွေပေးချေမှုပုံစံ တစ်ခုအနေနဲ့ရှိခဲ့ပါသတဲ့။ ပိရမစ်တည်ဆောက်တဲ့ ဆောက်လုပ်ရေးလုပ်သားတွေဟာ လုပ်ခအနေ နဲ့ ဘီယာတွေ ရရှိကြပါတယ်။
ရှေးဟောင်းမှတ်တမ်း တွေ လေ့လာကြည့်မယ်ဆိုရင် ရှေးအကျဆုံးပါဝင် ပစ္စည်းတွေမှာ အစောဆုံး အယ်ကိုဟောအသုံးပြုမှုဟာ ဘီယာနဲ့ဆက်စပ် နေတာတွေရပါတယ်။
ကဲ စာချစ်သူ ကျွန်တော့ ဘော်ဘေ် တို့ကို ဘီယာ ပေါ််ပေါက်လာပုံ့ တစ်စေ့ တစောင်း လေးကို ဗဟုသုတ အဖြစ်တင်ပြလိုက်ရပါတယ်။
Reference : A history of the World in 6 Glass
Author :Tom Standage
0 Comments