ဗုဒ္ဓဘာသာဆိုပြီး စိတ်ကြီးဝင်မနေကြနဲ့



 "ဗုဒ္ဓဘာသာဆိုပြီး စိတ်ကြီးဝင်မနေကြနဲ့"

ဘုရားလောင်း ပါရမီဖြည့်တုန်းက ဘယ်နှစ်ဘ၀များ ဗုဒ္ဓဘာသာ ဖြစ်ခဲ့ဖူးလို့လဲ?

ကဲ... ဇာတ်ကြီး ဆယ်ဘွဲ့ကို အကြမ်းသဘောနဲ့ စဉ်းစားကြည့်ကြစို့။

တေမိမင်းက ဗုဒ္ဓဘာသာ မဟုတ်ဘူး။

မဟာဇနက္ကမင်းလည်း ဗုဒ္ဓဘာသာ မဟုတ်ဘူး။

သို့သော် သူတို့ကုသိုလ်တွေ သူတို့ ပြုသွားတာပဲ။

သု၀ဏ္ဏသာမ တောထဲမှာ မေတ္တာနဲ့သာနေတာ ဗုဒ္ဓဘာသာ မဟုတ်ဘူး။

အဲ နေမိမင်းကြီး နရဒဗြဟ္မာမင်းကြီး ဗုဒ္ဓဘာသာ မဟုတ်ဘူး။

အကုန်လုံးပေါ့လေ။

ဝေဿန္တရာ မင်းကို ကြည့်လိုက်ပါ။

ဗုဒ္ဓဘာသာ ဟုတ်ရဲ့လား... ?

ဒီတော့ကာ ဗုဒ္ဓဘာသာဆိုပြီး စိတ်ကြီး ဝင်မနေကြနဲ့၊

စိတ်ထားကောင်းကောင်းနေကြ

ဖို့သာ အရေးကြီးတယ်။

ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဆိုပြီး အမှတ်တမဲ့ နေရင်တော့ တခြားသူတွေက ကျော်ပြီးရင်း ကျော်တက်သွားဖို့သာရှိတယ်။

(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

Credit: