ကားတစ်စီးရဲ့
အရေးကြီးတဲ့ အစိတ်အပိုင်းတခုကတော့ ကားတာယာဘဲဖြစ်ပါတယ်။ ကားတာယာ
အမျိုးအစားကောင်းဖို့ကလည်း အရမ်းလိုအပ်သလို မိမိကားအတွက် အရည်သွေးပြည့်တဲ့
ကားတာယာကို ရွေးချယ်နိူင်ဖို့ကလည်း အရေးကြီးလှပါတယ်။ ကားတာယာကောင်းမှ ကားရဲ့
စနစ်အားလုံး ကောင်းမွန်စွာအလုပ်လုပ်နိူင်မှာဖြစ်ပါတယ်။ ကမ္ဘာမှာ တာယာထုတ်လုပ်တဲ့
ကုမ္ပဏီများစွာရှိပါတယ်။ ဒီဆောင်းပါးလေးမှာ
ကမ္ဘာ့အကောင်းဆုံးကားတာယာတွေနဲ့ပါတ်သက်ပြီး ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။
၁) Michelin (မစ်ချီလင်) – Radial တာယာ နှင့် Metal-Cased တာယာတွေကို
မစ်ချီလင်ကုမ္ပဏီက ပထမဦးဆုံး တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၁၈၈၉ ခုနှစ်လောက်မှာ
တစ်နာရီ ကီလိုမီတာ ၁၀၀ (100
km/hr) ခန့်ဖြင့်
မောင်းနှင်နိူင်တဲ့ တာယာအမျိုးအစားကို ထုတ်လုပ်ခဲ့ပါတယ်။ လက်ရှိဈေးကွက်မှာလည်း
မစ်ချီလင်တာယာကို ကားတော်တော်များများမှာ အသုံးပြုကြသလို အရည်သွေးကောင်းတဲ့
တာယာအမျိုးအစားဖြစ်ပါတယ်။
၂) Continental – ဒီကုမ္ပဏီက ၁၈၇၁
ခုနှစ် (လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ ခန့်) က ရာဘာတာယာများကို လေယာဉ်ထုတ်လုပ်ခဲ့ပြီး
၁၈၉၀ ပြည့်နှစ်မှာ ကားတာယာကို စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Grooved တာယာ
အမျိုးအစားကို လူစီးကားများအတွက် အဓိက ထုတ်လုပ်ခဲ့ပြီး ရာသီဥတုအခြေနေ၊ လမ်းနေအထား
( နှင်းလမ်း၊ ရွံ့ဗွက်လမ်း၊ ကျောက်စရစ်လမ်း၊ ရေရှိသောလမ်း) ပေါ်မူတည်ပြီး
ကိုက်ညီမှုရှိကာ တာယာသက်တမ်းရှည်စေတဲ့ တာယာအမျိုးအစားဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ
ဒီကုမ္ပဏီက တာယာထုတ်လုပ်မှုတခုတည်းမဟုတ်တော့ဘဲ Chassis and Safety ၊ Powertrain ၊ Interior ၊ Tires နှင့် ContiTech ဆိုပြီး ဌာန (၅) ခုခွဲကာ
လုပ်ဆောင်လျက်ရှိပါတယ်။
၃) Bridgestone (ဘရစ်စတုံး) –
ဒီကုမ္ပဏီက ထုတ်လုပ်တဲ့ တာယာများကို လက်ရှိကားဈေးကွက်မှာ
ကျယ်ပြန့်စွာအသုံးပြုနေကြပြီး တာယာအမျိုးအစားကောင်းသလို တာယာဈေးနှုန်းကလည်း
အနည်းငယ်မြင့်ပါတယ်။ ဂျပန်ကုမ္ပဏီတခုက ၁၉၃၁ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး
မူရင်းနာမည်က Shojiro
Ishibashi (Ishi = Stone, Bashi = Bridge) ဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံး
ကားတာယာထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။
၄) General (ဂျန်နရယ်) –
ဒီတာယာကုမ္ပဏီကို William
Francis O’Neil ဆိုသူက ၁၉၁၅
ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ တခြား All-Terrain တာယာများနှင့်ယှဉ်ပါက
ဟိုင်းဝေးမောင်းနှင်ရာမှာ ဆူညံသံ နည်းပါးတဲ့ တာယာအမျိုးအစားဖြစ်ပါတယ်။
ဒီတာယာအမျိုးအစားကိုလည်း ဈေးကွက်မှာ အသုံးများတာ တွေ့ရပါတယ်။
၅) Firestone – ဒီတာယာကုမ္ပဏီကို
Harvey Firestone ဆိုသူက ၁၉၀၀
ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာ Ford Motor ကုမ္ပဏီရဲ့ မူရင်းတာယာပေးသွင်းသူ (Original Tire Supplier) အဖြစ်တည်ရှိလာတာ
ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ယခုလက်ရှိမှာ ဒီတာယာကုမ္ပဏီကို Bridgestone ကုမ္ပဏီသို့
ရောင်းလိုက်တာဘဲ ဖြစ်ပါတယ်။
၆) Yokohama (ယိုကိုဟားမား) –
ဒီတာယာကုမ္ပဏီကို ၁၉၁၇ စတင်တည်ထောင်ခဲ့ပြီး လက်ရှိဈေးကွက်မှာ
ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ တာယာအမျိုးအစားတခု ဖြစ်ပါတယ်။ နာနိုနည်းပညာ (Nanotechnology) ကို
ပထမဆုံးအသုံးပြုတဲ့ တာယာကုမ္ပဏီဖြစ်ပြီး စက်ရုံမှထွက်တဲ့ ဓါတုပစ္စည်းများကြောင့်
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် တစ်နှစ်ကို သစ်ပင်ပေါင်း ၅၀၀၀၀၀ (ငါးသိန်း)
ကို ၂၀၀၇ ခုနှစ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တိုင်ဖြစ်ပါတယ်။
၇) Goodyear – ဒီတာယာကုမ္ပဏီကို
Frank Seiberling ဆိုသူက ၁၈၉၈
ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တာယာကုမ္ပဏီတွေထဲမှာ အဆင့် (၄) မှာ
တည်ရှိနေပါတယ်။ ဒီတာယာကုမ္ပဏီကလည်း တာယာနည်းပညာများကို တိုးတက်ကောင်းမွန်အောင်
ပြုလုပ်ခဲ့ပြီး AI
(Artificial Intelligence) နည်းပညာကို အသုံးပြုပြီး ကားမောင်းနှင်မှုပေါ်မူတည်ကာ တာယာအခြေနေကို
အာရုံခံထိန်းချုပ်ပြီး အကောင်းဆုံးတာယာစွမ်းဆောင်ရည်ကို ထုတ်လုပ်ပေးပါတယ်။
၈) Pirelli ၊ ၉) Dunlop ၊ ၁၀) BF Goodrich ၊ ၁၁) Cooper Tires ၊ ၁၂) Falken ၊ ၁၃) Kumho ၊ ၁၄) Toyo ၊ ၁၅) Sumitomo ၊ ၁၆) Hankook ဆိုတဲ့
ကမ္ဘာ့နာမည်ကြီးတာယာအမျိုးအစားတွေ ဖြစ်ကြပါတယ်။ ကားတစ်စီးမှာ အသုံးပြုတဲ့
တာယာအမျိုးအစားကောင်းဖို့လိုအပ်သလို တာယာသက်တမ်းကိုလည်း ဂရုစိုက်သင့်ပါတယ်။
ဒါ့အပြင် တာယာပန်း (Tire
Tread) ကို လည်း
အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ (ကိုးကား – https://cartreatments.com/)
Credit: Original
