ကားကို လေပေါင် ဘယ်လောက်ထိုးရမလဲ


 မိမိကားကို လေပေါင် ဘယ်လောက်ထိုးရမလဲ

ကားဘီး/တာယာတွေကိုမှန်ကန်ကိုက်ညီတဲ့လေပေါင်ထိုးခြင်းကလဲ တာယာစားနှုန်: နဲ့ အခြားသောကားဘီးရုန်းအား၊ဆီစားနှုန်း၊ Balancing ၊ steering wheel တွေပေါ်မှာအကျိုးသက်ရောက်မှုတွေအများကြီးရှိပါတယ် 

ကိုယ့်ကားကို လေပေါင် ဘယ်လောက်ထိုးရမယ် ဆိုတာ ကို ထုတ်လုပ်တဲ့ကား ကုမ္ပဏီ တွေက ကားမှာ အသင့်ကပ်ပေး လိုက်ပါတယ်။

ဘယ်နေရာကပ်ထားလဲ ဆိုတော့ ယာဉ်မောင်းဘက်ခြမ်း တံခါး ဖွင့်လိုက်ပါ ။

တံခါး ဂျက်အထိုင်ဘက် အတွင်းဘောင် ကို ကြည့် ကြည့် ပါ ။ ပုံ မှာပြထားသလို ဂျပန်စာနှင့် စတစ်ကာ မျိုးတွေ့ရပါမယ် ။ ခုဆို ကိုယ့်ကား ရဲ့ ထိုးရမယ့် လေပေါင် သိရပါပြီ ။

(နေရာ ကတော့ ပုံသေ တော့မရှိပါ )

သို့သော် ဂျပန် ကျ ကားများ သာ အများဆုံး စီးကျသော မြန်မာပြည် ဖြစ်၍ ဂျပန်စာများ သည် ပြသနာ တခု ဖြစ်နေပါသည်။

နောက်တခုကလက်ရှိ မြန်မာပြည် အသုံးပြု သော လေပေါင်နဲ့ မတူပြန်ပါဘူး

ဂျပန် အသုံးပြုတာက kPa (kg/cm2)

မြန်မာ အသုံးပြုတာက လေပေါင် psi ပါ

kPa ဆိုတာက kilopascal

psi ဆိုတာကေတာ့ Pounds per Square Inch ပါ။

1 kPa မှာ 0.145038 psi ရှိပါတယ် ။

( 6.89475729 kpa = 1 psi )



ပုံထဲမှာက 230 kPa ပါ ။ ဒီတော့

တွက်ကြည့်မယ်ဆိုရင်

100 kPa = 14.5038 psi

200 kPa = 29.0076 psi

230 kpa = 33.3587 psi

ခုဆိုရင် 230 kPa ဆို လေပေါင် 33 psi ထိုးရမယ်ဆိုတာ ရှင်းသွား လောက်ပါပြီ ။

အများအားဖြင့်

ရှေ့ဘီး လေပေါင် / နောက်ဘီးလေပေါင် ပြီးတော့ စပယ်ရာဝှီး လေပေါင် ။

ဂွေဆိုက် / တာယာဆိုက် ပေါ် မူတည်ပီး ထိုးရမယ့်လေပေါင် ပါ ပါတယ် ။

တခု နဲ့တခု လေပေါင် မတူညီပါဘူး ။ 

Original spareလေထိုးစက်ပါတဲ့ကားတွေမှာတော့တိုက်ရိုက်ကြည်ပြီးလေထိုးနိုင်ပါတယ်



ကောင်းတာက တော့ သတ်မှတ်ထားတဲ့ ဂွေ / တာယာ ဆိုက် ဘဲ သုံးသင့်ပါတယ်။ (ဂွေ ဆိုက် မတူဘဲ အလွိုင်းလှလို့ ဆိုပီး ချိန်းတတ်ကြလို့ ပါ )

ဒါကြောင့် fit ကို ဘယ်လောက်ထိုးရမယ်။

vitz က ဒီလောက်ထိုး ဆိုပြီး အတိကျ ပြောလို့တော့ မရပါဘူး ။ တပ်ဆင်ထားတဲ့ ဂွေဆိုက် တာယာ ဆိုက် မှန်နေရင်တော့ တမျိုးပေါ့။


Credit :original author