" ဉာဏ်စဉ် (၁၆)ပါး အကြောင်း"

 


စာမဖတ်အား၍ Audioနားထောင်လျှင် 


ဝိပဿနာ အားထုတ်ကြသူများအတွက် "ဝိပဿနာဉာဏ်စဉ်-၁၆ ပါး" အကြောင်း ကို ဓမ္မဒါနပြုပါမယ်။

တကယ်တော့ "ဝိပဿနာ ဉာဏ်စဉ်-၁၆ပါး"အကြောင်းကို ဝိပဿနာကျင့်ကြံ အားထုတ်သူတွေ

 အနေနဲ့မိမိတို့ကျင့်ကြံအားထုတ်ကြလို့အတော်လေး အဆင့်မြင့်မြင့် ရောက်လာကြတဲ့ အချိန်၊ မိမိ

တို့ရဲ ့ကြိုးစားအားထုတ်မှုဟာ ဘယ်လောက် ခရီးရောက်နေသလဲဆိုတာ တိုင်းတာကြည့်လို့

ရအောင် သိထားသင့်တဲ့ ဒီ ဝိပဿနာဉာဏ်စဉ် အကြောင်းပါ။

တော်ရုံ အားထုတ်တဲ့ ဓမ္မမိတ်ဆွေများ အနေ နဲ့ဒီ ဉာဏ်စဉ်၁၆ပါး အကြောင်း ဖတ်ရှုပြီး နားလည်

ဖို့နည်းနည်းအခက်အခဲ ရှိချင်ရှိပါလိမ့်မယ်။ အမှန်တကယ် အားထုတ်နေပြီး တော်တော်လေး

 ခရီးရောက်နေတဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ ဖတ်လိုက်တာ နဲ့ချက်ခြင်းသိ၊ ချက်ခြင်းနားလည်ကြမှာပါ။

 တရားရပြီးသား အရိယာ ပုဂ္ဂိုလ် အတွက်ကတော့ ပြောနေစရာလိုမယ် မထင်ပါဘူး။

"
ဟုတ်ပါလား.. ဒီနေရာမှာ ဒီအတိုင်းဘဲ ဒီအတိုင်း ဘဲ"ဆိုပြီး ကြက်သီးတွေ ဖြန်းဖြန်းထဖို့သာရှိပါ
တော့တယ်။

ဉာဏ်စဉ် ၁၆ပါးအကြောင်း ကို အချိန်ရှည်စွာ ကြားနာခဲ့လို တကယ်တန်းဉာဏ်စဉ်အကြောင်းရေ

းသားဖေါ်ပြရရင် ရေတွက်လို့မရနိုင်တဲ့စာမျက်နှာပေါင်း များစွာနဲ့ဖတ်ရှုရတာမပြီးနိုင်ဘဲရှိကြတော့မှာပါ။

မိမိတို့ကျင့်ကြံအားထုတ်ကြလို့အတော်လေး အဆင့်မြင့်မြင့် ရောက်နေကြတဲ့ ပုဂ္ဂိုလ်များ အနေနဲ့

သာ ချင့်ချိန်လို့ရအောင်သာ သိသင့်တဲ့ လို့ယူဆမိတာကြောင့် တစ်ကြောင်း.....

ဓမ္မမိတ်ဆွေတစ်ဦးက ဉာဏ်စဉ်-၁၆ပါးအကြောင်းရှိလား ဆိုပြီး မေးလာတဲ့ အတွက်ကြောင့်
 လည်ကောင်း...

နောက်ပြီးတော့ အခုမျက်မှောက်ခေတ်ကာလ ဟာ အင်တာနက်၊ မီဒီယာတွေ တိုးတက်လာတာ

တွေ နဲ့အမျှ တရားတွေကို လွယ်လွယ်နဲ့ သိနိုင်ပါတယ်။ သူသူ ကိုယ်ကိုယ် မိမိတို့သိရှိကြတဲ့ တရား

ဓမ္မတွေ ကို ဖလှယ်ကြရင်း၊တချို ့ဘာသာရေးဆိုင်ရာ အင်တာနက် ဝက်ဖ်ဆိုဒ် များမှလည်း ဗုဒ္ဓ

စာပေတွေကိုလည်း လွယ်လွယ်နဲ့ ဖတ်ရှုနိုင်ကြပါတယ်။ ကျေနပ်စရာ ကောင်းလှပါတယ်။

ဆရာတော်ကြီးတွေရဲ့ ကိုယ်တွေ့၊ ဉာဏ်တွေ့ ဟောကြားချက်တွေကိုလည်း အဲဒီလို ဖြန့်ဝေမှုတွေ

က တဆင့် သိလာကြပါတယ်။ ဒါကြောင့်မို့တရားအားထုတ်ကြမဲ့သူများဟာ ဗဟုသုတအနေ နဲ့

 တော်တော်လေးသိလာကြပါတယ်။

ဥပမာ-ဘာနဲ့တူသလဲဆိုတော့....

သင်္ချာပုစ္ဆာတစ်ပုဒ်ကို မတွက်ခင်မှာ အဖြေအရင်သိထားတာ နဲ့ တူပါတယ်။

ကိုယ်တိုင်ကတော့ မတွက်တက်သေးဘူး။ တွက်နည်းလည်းမသိဘူး။ ဒါပေမဲ့ အဖြေနဲ့ တော့ လိုက်

ညှိပြီးတွက်နေတာနဲ့ တူပါတယ်။

အခုလို တရားစတင် အားထုတ်သူတွေမှာလည်း အဖြေအရင်သိထားသလို ဖြစ်နေတတ်ပါတယ်။


 မေးလိုက်ရင် "စိန္တာမယ" အသိနဲ့ အဖြေညှိ တတ်ကြတယ်။

အဲဒါကိုပဲ တရားသိနေသလိုလို ထင်တတ်ကြပါတယ်။

 "ပညာရှိသတိဖြစ်ခဲ" ဆိုသလို ဖြစ်မှာစိုး လို့ စေတနာနဲ့ သတိပေးစကား ပြောကြားရခြင်း၊ အဲဒီလို

 ကြိုတင် သိရှိထားခြင်းဟာ တဖက်ကလည်း ကောင်းသလို၊တဖက်ကလည်း မိမိရဲ့အားထုတ်မှု ကို
 အနှောက်ယှက်ဖြစ်စေပါတယ်။

မည်သို့ပင်ဖြစ်စေ အထက်မှာ ရေးပြထားသလိုပါဘဲ ပုထုဇဉ် တို့အနေ နဲ့ မိမိတို့ရဲ ့ကြိုးစား

အားထုတ်မှုဟာ ဘယ်လောက် ခရီးရောက်နေသလဲဆိုတာ တိုင်းတာကြည့် ပြီး သိချင်ကြမှာပါဘဲ၊

 တရားနာကြားဖူး၊ လေ့လာဖတ်ရှုထားဖူးခဲ့ရတဲ့ "ဉာဏ်စဉ်-၁၆ပါး" ကို ပူဇော်ရင်း ဖြင့် ဓမ္မဒါန

 အဖြစ် ကုသိုလ်ပြုလိုက်ရခြင်းပါတယ်။

"
ဉာဏ်စဉ် အကြောင်း စပြောဖို့အတွက်....အရင်ဆုံးအကြမ်းဖျင်းအားဖြင့် တရားစတင် အားထုတ်

နည်း လေးက စပြောပါရစေ...

"
ဝိပဿနာ" အလုပ်စမယ်ဆိုရင် မိမိစိတ်ဟာ အဓိပတိ ၃-ပါး အားထားရပါမယ်၊တရားထိုင်တဲ့

 အခါမှာ ဆိတ်ငြိမ်တဲ့နေရာမှာထိုင်ပါ၊ ဆိတ်ငြိမ်တဲ့နေရာဟာ တော ပါဘဲ။

ဘုရားကိုရှိခိုးကန်တော့၊ မိမိခန္ဓာကို တရားမထိုင်မီ ဘုရားကိုလှူထားပါ၊ပြီးတော့ သမ္မာဒေဝ-နတ်

ကောင်းနတ်မြတ်တွေကို မေတ္တာပို့အမျှဝေပါ၊ ခန္ဓာကိုယ် ထားပုံထားနည်းကတော့ အချိန်ကြာကြ

ာ တရားအားထုတ်နိုင်အောင်တည့်တည့်မတ်မတ် ထိုင်ပါ၊ ဝင်သက် ထွက်သက်-အာနာပါနကိုစိတ်

တည်ငြိမ်ပြီး သမာဓိရအောင် လုပ်ပါ၊ "ဝင်လေလဲသိ၊ ထွက်လေလဲသိပြီးနေရင်ကြာတော့ သမာဓိ

အားကောင်းလာတဲ့ အချိန်မှာ ဝီရိယကို အလျှော့မပေးဘဲသတိနဲ့ ပညာကို ကပ်ပြီးလိုက်ပါ။

 တရားထိုင်ရတာကြာတော့ ရုပ်တွေက ဖောက်ပြန်လာပြီး ဝေဒနာတွေ ပေါ်လာပါလိမ့်မယ်၊ တော

င့်လာတာညောင်းလာတာကို ဉာဏ်ကသိလာတယ်၊ ညောင်းတာရယ် ညောင်းမှန်သိတာရယ် ဒီ ၂-ခု

ကို ဖြစ်ပြီးပျက်သွားတာပဲလို့ သိလိုက်ပါ၊ အဲဒီလို သိလိုက်တဲ့အ ခါမှာ ညောင်းတဲ့ ရုပ်နဲ့ ညောင်းတဲ့

စိတ်မရှိတော့ပြီလို့နောက်ကဉာဏ်နဲ့ သိလိုက်ပါ၊ ညောင်းတာ တောင့်တာကို ပြုပြင်ပြီးမပေးသမျှ

 အညောင်းဓာတ်တွေ တစ်ခုပြီးတစ်ခု ဖြစ်ပြီး ပျက်နေဦးမှာမို့၊ ဒူးလေး၊ခြေကလေး ဆန့်ချင်တဲ့

စိတ်၊ပြောင်းရွေ့ချင်တဲ့ပေါ်လာပါလိမ့်မယ်၊ အဲဒီ ဆန့်ချင် ကွေးချင်ပြောင်းရွေ့ချင်တဲ့စိတ်ဖြစ်တာ

ကို ကိုယ့်ဉာဏ်နဲ့သိလုိက်ပါ၊ ဒီလို သိပြီးတဲ့အခါ မှာ အဲဒီဆန့်ချင် ကွေးချင်ပြောင်းရွေ့ ချင်တဲ့ ရုပ်

နာမ်တွေ မရှိတော့ပြီလို့ ထပ်ပြီးသိလိုက်ပါ၊ ဒီလိုနဲ့သိနေတုန်းမှာ ဖြတ်ခနဲဆို အသံတစ်ခု

ကြားလိုက်ရင်လည်းကြားတယ် လို့သိပါ၊ အဲဒီလို ခန္ဓာ ၅-ပါးမှာ တစ်ခုခုပေါ်လာတိုင်း၊ပေါ်လာ

တိုင်း သိပြီးဖြစ်ပြီး ပျောက်သွားပါကလားလို့ သိရပါမယ်၊ သိလည်းသိလာပါလိမ့်မယ်၊

တဖြည်းဖြည်း ရုပ်နာမ်တရားတွေ တစ်ခုပြီးတစ်ခုဖြစ်ပျက်သွားတာတွေကို သတိနဲ့စိုက်ကြည့်ပါ

က တွေ့နိုင်ပါလိမ့်မယ်၊ အနိစ္စ ဒုက္ခ အနတ္တလို့ ပါဠိလိုရွတ်မနေနဲ့တော့၊ ဖြစ်ပြီး ပျက်သွားပါက

လားလို့ တစ်ခုတည်းကိုသာ သတိနဲ့ စိုက်ပြီးကြည့် ပါ။ သိနေရင် ဆင်းရဲတဲ့ သဘော၊ အစိုးမရတဲ့

 သဘောကို ပို၍ထင်ထင် သိမြင်လာလိမ့်မယ်။ ဒီလိုနဲ့မိမိတို့ခန္ဓာကိုယ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်

ပျက်တွေ ရှုကြည့်ဖန်များလာရင် မိမိရဲ့ ခန္ဓာကိုယ်ကို ရွံ့မုန်းလာတော့တာပါပဲ။

အဲဒီအခါမှာ မိမိရဲ့ခန္ဓာကိုယ်ကို စွန့်လွတ်ချင်တဲ့စိတ်တွေ ဖြစ်လာပါလိမ့်မယ်၊ ခန္ဓာကိုယ်ရှိရင် ဒီလို

 ဖြစ်ပျက်ဒုက္ခနဲ့ မကင်းနိုင်ပဲ၊ အို၊ နာ၊ သေ၊ ဆိုတဲ့ ဒုက္ခသစ္စာနဲ့တွေကြရဦးမှာပဲလို့ ကြောက်ရွံ့ပြီး

 မိမိခန္ဓာကိုယ်ကိုပဲ ရွံ မုန်းလာပါလိမ့်မယ်။ ဖြစ်ပျက်ကို ရှုဖန်များလာရင် လောဘ-ဒေါသ-မောဟ

 ၃-ပါးစလုံးဟာ တဖြည်းဖြည်း ခေါင်းပါးပြီး နောက်ဆုံးဖြစ်ပျက်ဆုံးအောင် ပွားများ အားထုတ်

ဖန်များလာရင် ယခုဘဝမှာပင် မဂ်ဖိုလ်ကို ရနိုင်ပါတယ်။

ဒါကြောင့် ကြိုးစားပြီး မိမိတို့ ခန္ဓာကိုယ်ကို ဖြစ်ပျက်ရှုကြရင်း၊ ဖြစ်ပြီးပျက်တဲ့သဘောက လွဲပြီ

 ဘာမှမရှိဘူးဆိုတာ တွေရလိမ့်ပါလိမ့်မယ်။

အဲဒီလိုတွေ့လာပြီဆိုရင် ရှုဖန်များလာတဲ့အခါ ခုလို ပေါ်လာမဲ့ ဓမ္မမိတ်ဆွေတို့ ဖြစ်လာမဲ့ ဉာဏ်စဉ်

ဆိုတာ ဒီဉာဏ်စဉ် ၁၆ပါး ဘဲ ဖြစ်ပါတယ်။

၁။ နာမရူပ ပရိစ္ဆေဒဉာဏ်

(
ရုပ် နာမ် ခွဲခြားသိသောဉာဏ်)

၂။ ပစ္စယပရိဂ္ဂဟဉာဏ်

(
နာမ်ဖြစ်ပေါ်ခြင်း အကြောင်းတရား နဲ့ရုပ်ဖြစ်ပေါ်ခြင်း အကြောင်းတရားတို့ကို သိမ်းကျုံး

စုစည်း သိမြင်နိုင်သောဉာဏ်)

၃။ သမ္မသနဉာဏ်

(
ရုပ်သဘော နာမ်သဘောတို့ကို လေ့လာသုံးသပ်သောဉာဏ်)

၄။ ဥဒယဗ္ဗယဉာဏ်

(
ရုပ်နာမ် အဖြစ်အပျက်တို့ကို သိမြင်သောဉာဏ်)

၅။ ဘင်္ဂဉာဏ်

(
ရုပ်နာမ်တို့၏ အဖြစ်ကိုမမီလိုက်ဘဲ အပျက်ကိုသာမီလိုက်သဖြင့် သိမြင်လိုက်သောဉာဏ်)

၆။ ဘယဉာဏ်

(
ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်ကို ဘေးဟူ၍ ရှုမြင်သောဉာဏ်)

၇။ အာဒီန၀ဉာဏ်

(
အဲဒီဖြစ်ပျက်နေတဲ့ ဘေးကို အပြစ်ဟူ၍ ရှုမြင်သောဉာဏ်)

၈။ နိဗ္ဗိန္ဒဉာဏ်

(
ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်တွေအပေါ် ငြီးငွေ့လာသောဉာဏ်၊မလိုချင် မတွယ်တာ

 ဖြစ်လာသောဉာဏ်)

၉။ မုစ္စိတုကမျတာဉာဏ်

(
ဖြစ်ပျက် ဒုက္ခသစ္စာကြီးမှ လွတ်မြောက်လိုသောဉာဏ်)

၁၀။ ပဋိသင်္ခါဉာဏ်

(
ထိုဒုက္ခတို့မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ဆင်ခြင်သောဉာဏ်)

၁၁။ သင်္ခါရုပေက္ခာဉာဏ်

(
သင်္ခါရတရားတွေချည်း ရှုမြင်နေသောဉာဏ်)

၁၂။ အနုလောမဉာဏ်

(
မဂ်ဖိုလ် နိဗ္ဗာန်အား ရဖို့အလျော် ဖြစ်သောဉာဏ်)

၁၃။ ဂေါတြဘူဉာဏ်

(
ပုထုဇဉ် အနွယ်ကိုဖြတ်၍ အရိယာအနွယ်ကို ဖြစ်စေတတ်သောဉာဏ်)

၁၄။ မဂ်ဉာဏ်

(
နိဗ္ဗာန်ကို မြင်သောဉာဏ်)

၁၅။ ဖိုလ်ဉာဏ်

(
နိဗ္ဗာန်ကိုပင်မြင်သောဉာဏ်)

၁၆။ ပစ္စဝေက္ခဏာဉာဏ်

(ရခဲ့ပြီးသော တရားတို့ကို ပြန်လည်ဆင်ခြင်သောဉာဏ်)

ဆိုပြီးတော့ ဉာဏ်စဉ် ၁၆-ပါးရှိပါတယ်။

အဲဒီလို ဉာဏ်စဉ်ဆိုတာ....ရှုဖန်များလာရင်..

(
၁)ဒါကတော့"ရုပ်"၊ ဒါကတော့ "နာမ်"လို့ပိုင်းခြားသိလာတော့...

"
နာမရူပပရိစ္ဆေဒဉာဏ်"ဆိုတာရလာပါတယ်။

(
၂) နောက်..အဲဒီနာမ်ရုပ်တို့ရဲ့ဖြစ်ပေါ်ရခြင်းအကြောင်း တရားတို့ကို ဆင်ခြင်ပြီး တော့ ဒီနာမ်ရုပ်

ဟာ "အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ"ဆိုတဲ့ အကြောင်း ၄-ပါးကြောင့် ဖြစ်လာတဲ့ "အကျိုး

တရား"ပါလား၊ အကြောင်းလည်း ဖြစ်ပျက်၊ အကျိုးလည်း ဖြစ်ပျက်ပဲလို့ ရှေးအတိတ်ဘဝက

 "အဝိဇ္ဇာ၊တဏှာ၊ဥပါဒါန်၊ ကံ အကြောင်း တရားတို့ကို ရှာမှီးသိမ်းဆည်နိုင်တဲ့.....

"
ပစ္စယပရိဂ္ဂဟဉာဏ်"ရလာပါတယ်။

(
၃) နောက် ရုပ်နာမ်တို့ ရဲ့ ဖြစ်ပြီးပျက်လတ္တံ့ ဖြစ်ဆဲ တို့ကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ၃-ပါး

ကို ပိုင်ခြား၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာရေး ၃-ပါးဖြင့် ဆင်ခြင်သုံးသပ်ခြင်းတည်း

ဟူသော....

"
သမ္မသနဉာဏ်"အဆင့်သို့ ရောက်လာပါမယ်။

(
၄) နောက် ယခုဖြစ်ဆဲ ပစ္စုပ္ပန်ရုပ်နာမ်တို့ရဲ ့ခဏမစဲ တသဲသဲ ဖြစ်ပျက်နေမှုကို ရှုခြင်းဆိုတဲ့....
"
ဥဒယဗ္ဗယဉာဏ်"ပေါ်လာပါမယ်။

(
၅) နောက် ရှုဖန်များလာတဲ့ အခါကျတော့"အပျက်"ကိုသာ သိမြင်လာတဲ့..... "ဘင်္ဂဉာဏ်"ပေါ်လာပါလိမ့်မယ်။

(
၆) ဒီလိုရှုဖန်များလာရင် ရုပ်နာမ်တို့ရဲ ့"ပျက်မှု ချုပ်မှု"တွေကိုသာ မြင်လာတဲ့ အတွက်ကြောင့်

 အလိုလိုနေရင်းကို ကြောက်နေမိတယ်။ အသံတစ်ခု ကြာရတာတောင် ထိတ်လန့်ကြာက်ဖွယ်ရာ

ဘေးကြီးလို့ ထင်လာတဲ့....

"
ဘယဉာဏ်"ပေါ်လာပါလိမ့်မယ်။

(
၇) နောက်ရုပ်နာမ်တို့ရဲ ့ချုပ်ပျက်မှုစတဲ့အပြစ်တွေကို ထင်မြင်လာတဲ့......

"
အာဒီနဝဉာဏ်"ရလာပါမယ်။

(
၈) နောက်မိမိခန္ဓာကိုယ်တည်း ဟူသော ရုပ်နာမ်တို့ကို ငြီးငွေ့ စိတ်ပျက် ပြီးမနှစ်သက်တဲ့......

"
နိဗ္ဗိန္ဒဉာဏ်"ဖြစ်လာမယ်။

(
အဲဒီ ဉာဏ် ဖြစ်တဲ့ အချိန်ကျယင် ယောဂီဟာ တရားထိုင်ချင် စိတ်ကို မရှိဘူး ဖြစ်တတ်ပါတယ်)

(
၉) အဲဒါ နဲ့ဘဲ ယောဂီဟာ မိမိခန္ဓာကိုယ်တည်းဟူသော ရုပ်နာမ် ဓမ္မသင်္ခါရတို့ကနေ လွတ်မြောက်

ချင်လိုတဲ့.....

"
မုဥ္စိတုကမျတာဉာဏ်"ရောက်လာပါလိမ့်မယ်။

(
၁၀) အဲဒီက တစ်ဆင့် ရုပ်နာမ်တွေရဲ့ မမြဲမှု၊ ဆင်းရဲ့မှု၊ အစိုးမရမှုတွေ ကို အပြင်းအထန်

 အားထုတ်မှုတွေ ကြောင့် အလွန်ထင်မြင်လာတဲ့.......

"
ပဋိသင်္ခါရဉာဏ်"ရောက်လာပါမယ်။

(
၁၁) နောက် ရုပ်နာမ်ဓမ္မသင်္ခါရတို့ကို မချစ်မမုန်းဘဲ လျစ်လျူရှုတတ်တဲ့....

"
သင်္ခါရုပက္ခောဉာဏ်"ပေါ်လာပါတယ်။

(
၁၂) နောက်ပြီးတော့ ရှေ့ဉာဏ် နောက်ဉာဏ်ကို လက္ခဏာရေးသုံးပါးဖြင့် အနုလုံ ပဋိလုံ ရှုပွားတဲ့

အခါမှာ ၂-ဉာဏ်လုံးနဲ့ သင့်လျော်တဲ့....

"
အနုလောမဉာဏ်"ဖြစ်ပေါ်လာပါလိမ့်မယ်။

(
၁၃) နောက်တော့ ပုထုဇဉ်တို့၏ အနွယ်ကိုဖြတ်၍ အရိယာတို့၏ အနွယ်ကိုဖြစ်စေတဲ့....

"
ဂေါတြဘူဉာဏ်"ဖြစ်ပေါ်လာပါလိမ့်မယ်။

(
၁၄) နောက်(သဥပါဒိသေသ)နိဗ္ဗာန်ကိုမြင်တဲ့......"မဂ်ဉာဏ်"

(
၁၅) ပြီးတော့ မရှေးမနှောင်းမှာဘဲ အဲဒီနိဗ္ဗာန်၏အကျိုးကို ခံစားတဲ့.....

"
ဖိုလ်ဉာဏ်"ပေါ်လာပါလိမ့်မယ်။

(
၁၆) နောက် "မဂ်"ကိုဆင်ခြင်ခြင်း၊ "ဖိုလ်"ကိုခြင်ခြင်း၊ နိဗ္ဗာန်ဆင်ခြင်ခြင်း၊ ပယ်ပြီးသော

ကိလေသာကို ဆင်ခြင်ခြင်း၊ မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်းဆိုတဲ့ ဉာဏ် ၅-ပါးကို

 ဆင်ခြင် ခြင်းဆိုတဲ့.....

"
ပစ္စဝေက္ခဏာဉာဏ်"ရောက်လာပါလိမ့်မယ်။

ဤအကြောင်းရာများဟာ ဉာဏ်စဉ် -၁၆ပါး ဖြစ်ပါတယ်။ 

Credit : Original Post