ကြွက်တကယ်ပြေးတဲ့ လင်ဇီးဒဏ်ကြေလိမ်းဆေး




လင်ဇီးဒဏ်ကြေလိမ်းဆေးကို လင်ဇီးမှို Ganoderma မှ အဆီထုပ်၌ ထည့်သွင်းဖေါ်ဆပ်ထားတယ်လို့ဆိုပါတယ်
အကြောရောဂါအမျိုးမျိုးနဲ့ အဆစ်အမြစ်ကိုက်ခြင်းရောင်ခြင်း တို့ကို လျင်မြန်စွာသက်သာပျောက်ကင်းစေပါတယ်လို့ဆိုပါတယ်။
ကျွန် တော်က ရင်ကြပ်ရောဂါရှိလို့ အေးလာရင်ကြပ်လာရင် ရင်ပတ် နဲ့ ကြောကို ဒီ လိမ်းဆေးလေးလူးထားလိုက်ရင်သက်သာသွားပါတယ်။ကျွန်တော့အမျိုးသမီးကတော့ကြွက်တက်လာရင်လူးအိပ်ရင် သက်သာသွားပါတယ်။
လူကြွက်တက်တာသက်သာသလို ဆေးညွန်းထဲမှာမပါ တဲ့ ကားကြွက်တက်တဲ့ပြဿနာလဲဖြေရှင်းလို့ရတဲ့အ
ကြောင်းရေးခြင်တာပါ ကျွန် တော့အိမ်က ကား ရှေ့စက်ခန်းမှာညဘက်ဆို ကြွက်တွေဝင် ြပီးသောင်းကျန်းတာအလွန်စိတ်ညစ်ရပါတယ်မတော်မီးကြီုးတွေကိုက်သွားရင်ပြဿနာကအကြီးကြီးဖြစ်သွားမယ်မဟုတ်လားဒါကြောင့်    ၊ကြော်ညာနေတဲ့ ကြွက်ပြေးတယ်ဆိုတဲ့ ဖြန်းဆေးအမျိုးမျိုးသုံးကြည့်ပါတယ် ဖြန်းထားတုန်းတညပါပဲ နောက်တနေ့အနံ့ပြယ်သွားတော့ဝင်လာပြန်ရော  ဒိလင်ဇီးလိမ်းဆေးကို ကားစက်ခန်း အင်ဂျင်ဟက်ဖုံးနဲ့တက်တတ်တဲ့နေရာလေးတွေမှာပါးပါးလေးသုတ်ထားပြီးစက်ခန်းဖုန်းပိတ်ထားလိုက်ပါနောက်တနေ့မနက်စက်ခန်းဖုန်းဖွင့်ရင်ကြွက်တက်ထားတဲ့ခြေရာများမတွေ့ရတော့ပါ သုံးညလောက်ဆက်တိုက်လုပ်ပေးလိုက်တော့လမ်းကြောင်းပျောက်သွားပြီး လုံးဝမလာတောပါဘူး။ ကျွန်တော့ကိုယ်တွေ့မို့ ပါ။လူကြီးမင်းတို့လဲကား ကြွက်တက်ရင်လင်ဇီးနဲ့ကုသနိုင်ကြောင်းတင်ပြလိုက်ရပါတယ်။