သွေးပေါင်ချိန်တာ လူတိုင်းချိန်တတ်တယ်ဆိုပေမဲ့ တစ်ခါတိုင်းတစ်မျိုးပြနေရခြင်းအကြောင်းကဘာဖြစ်လို့လဲ



လူအတော်များများနိုင်ငံဖြစ်တွေဝယ်သုံးနေကြပါတယ်အဲဒါတွေနဲ့ပတ်သက်တဲ့စာကိုနဲနဲကလေးမှ မဖတ်ဖြစ်ကြဘူး အရေးကြီးတယ် လဲမထင်ကြပါဘူး

ဒီလိုပါပဲ သွေးပေါင်ချိန်စက်လေးတွေ သွေးချိုတိုင်းစက်လေးတွေ ၀ယ်ပြီးမှ

အိမ်လည်းရောက်ရော တခါတိုင်းတမျိုးပြနေလို့....ဒီစက်တွေက မှန်ရဲ့လားလို့သံသယတွေဝင်မိတတ်ကြပါတယ်.တချို့ကုမ္ပဏီတွေကတော့မြန်မာလိုရေးတဲ့ဘာသာပြန်စာရွက်လေးတွေနဲ့သင်ကြားပေးမှူလမ်းညွှန်မှူပေးကြပါတယ် သူတို့က အမြတ်တခုထဲအတွက် စျေရောင်းသူတွေ မဟုတ်ကြလို့ပါ ။

အခုတွင်တွင်ကျယ်ကျယ်သုံးနေတဲ့digital သွေးပေါင်ချိန်စက်နဲလက်နဲ့တိုင်းတဲ့ပြဒါးတိုင်ထောင်သွေးပေါင်ချိန်ဟာ

ဘယ်ဟာက အဖြေမှန်လဲ မေးကြပါတယ် ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့Digital သွေးပေါင်ချိန်စက်ကို

လက်ခံ အတည်ပြုထားပါတယ် ။ ချိန်နည်းမှန်ရင် အဖြေမှန်ပါတယ်

ချိန် နည်း

(၁) - ကုလားထိုင်မှာထိုင် ချိန်ပါ။ခြေထောကိုကြမ်းပြင်ပေါ်ချထားပါ ။ ခါးမတ်မတ် ထားပါ။

       ရှေ့ကုန်းပြီး စက်ကိုငုံ့မကြည့်ပါနဲ့ ။

.( ၂ ) စက် ကို စားပွဲ ပေါ် ထား ပါ။လက်ကိုလည်း ငြိမ်နေအောင်စားပွဲပေါ်တင်ထားပါ ။

( ၃ ) မချိန်ခင်၁၀မိနစ် ငြိမ်ငြိမ်ထိုင်နေ ပါ။အရက် ဆေးလိပ် ကွမ်း ကော်ဖီ စတာတွေ စားသောက်မထားပါနဲ့ ။

        စကားအချီအချလည်းပြောမထားရ ။

( ၄ ) လက်ပတ်က မတင်းလွန်း မချောင်လွန်းရ  လက်ပတ်cuffနဲ့အရေပြားကြားကိုလက်ညှိုးတစ်ချောင်းထိုး       ကြည့်ရင် ၀င်သာရမယ် ။

        အနွေးထည်လို အကျီ င်္အထူ ပေါ်က မတိုင်းရ ။ချောင်နေရင် errorဖြစ်ပြီး

         ကြပ်နေရင် အောက်သွေး diastolic နဲနေတတ်တယ်။

( ၅ ) လက်ပတ်က မကြီးလွန်း မငယ်လွန်းရ ။မိမိလက်မောင်းအရွယ်နဲ့သင့်တဲ့လက်ပတ်ကိုသာ သုံးရပါ့မယ် ။     တံတောင်ဆစ် အရစ်အပေါ် လက်တစ်လုံးမှာ ရှိ ရမယ်။

.ဒီနိုင်ငံမှာအသုံးများကြတာက 22 to 32 cm တွေပါဘဲ။လက်မောင်း အလယ်အလတ်medium size အရွယ်ပါ  ။

ပိန်လွန်းသူ၊ ဝလွန်းသူတွေကို အဲဒီsize နဲ့ပဲသုံးရင် အဖြေ မှားပါ လိမ့် မယ်။သင့်တော်တဲ့လက်ပတ် size ကိုသာ

ရွေးသုံးရမှာ ဖြစ်ပါတယ် ။

.

( ၆ ) ဘယ်ဘက်လက်ကိုတိုင်းရင် လေပိုက် ကို လက်ရှေ့မှာထားပါ ။ညာဘက်လက်ကိုတိုင်းရင်

        ပိုက်ကိုလက်ရဲ ့အတွင်းဘက်မှာထားပါ။

.( ရ ) သုံး ကြိမ်တိုင်းပြီး ပျမ်းမျှ Average ယူ ပါ။အခု နောက်ပိုင်း စက်တွေမှာ သုံးကြိမ်တိုင်းတာရဲ့ပျှမ်းမျှ

         အလိုလိုတွက်ပြပါ တယ်။

.Digital စက်တွေက တစက္ကန့်ကို လေထုတ် နှုံး 2 to 4 mmHg လုပ် ပေးပါတယ်။

.Digital စက်က လေ ထုတ်နှုံးက4mm Hg ထက် များနေရင် အဖြေ မှားပါတယ်။မိမိ ဝယ်ထား တဲ့ စက်က

ဘယ်လောက်နှုံးနဲ့  လေထုတ်နေလဲဆိုတာသိဘို့လိုပါတယ်။

စက်ကတိုင်းနေတဲ့အချိန်မှာအသဲပုံလေး မှိတ်တုတ် မှိတ်တုတ်တစ်ခါ ပေါ်ရင် screen ပေါ်ကဂဏန်းကို

ကြည့်ပါ ။2mm အောက်လေထုတ်နေရင်လည်းမှားပါတယ်။

digital စက်တစ်လုံးကပုံမှန်အလုပ်လုပ်နိုင်တာ ၅ နှစ်ပါ ။အခုနောက်ပိုင်းလာတဲ့စက်တွေ မှာ ထုတ်လုပ်တဲ့ ရက်စွဲ

Manufactured date ပါ ပါတယ်။ငါးနှစ်ကျော်ရင်စက်ထဲက rubber valve တွေဟာ ရာသီဥတုကြောင့် ဖြစ်စေ

သူ့အလိုလို ဖြစ်စေ အလုပ်လုပ်တာမမှန်တော့ပါဘူး။အမှား ရှိလာမယ်ဆိုတာ သတိထားပါ။ 

.လက်နဲ့တိုင်းတဲ့  ပြဒါးတိုင်ထောင်သွေးပေါင်ချိန်ဟာမှန်းပြီး လေ လျော့ ပေးတာပါ ။ဒါကြောင့် တိကျမှူ နဲပါတယ်

ပြဒါးအိုးထဲက ပြဒါးတွေဂျီးတက် နေရင်လည်း  သွေးပေါင်ချိန်တိုးပြီးပြနေပါလိမ့်မယ် ။servicing ဂျီးဆေးဖို့ လိုနေပါပြီ ။

Credit : Original post & Google photo