ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း


 


ရုတ်တရက် အသက်ရှုကြပ်လာပြီးအောက်စီဂျင်လဲ မရခဲ့သေးရင်ပင်စိမ်းရွက်

ကိုထောင်းပြီး အရည်ကို

ဆားခတ်ပြီးသောက်ပါ။

ပင်စိမ်းပင်က နာရီ

ပေါင်း၂၀ကြာအောင် 

အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးနိုင်ပါတယ်။

ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း

1. ပင်စိမ်း အရွက်ကိုနေတိုင်းစားပေးခြင်းအားဖြင့် အူလမ်းကြောင်း ဝမ်းဗိုက်နှင့်် ပါးစပ်တွင်ဖြစ်တက်သောရောဂါများ ကင်းဝေးပြီး အစာခြေစနစ်ကိုကောင်းမွန်စေပါသည် ။

2. ပင်စိမ်း အရွက်ကို ရေထဲတွင်စိမ်ပြီး နေတိုင်းသောက်လာပါက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။

3. ပင်စိမ်း အရွက်ကို ပထမရက် ရေချိုးမည့်ရေတွင် စိမ်ထားပြီး နောက်နေ့ရေချိုးပါက ချွေးအနံ့ မထွက်အောင်ကာကွယ်ပေးသည်။

4. ပင်စိမ်း အရွက်ကို သံပုရာရည်ရော၍ ကြိတ်ပြီး အရေပြားပေါ်တွင်လိမ်းပေးပါက အရေပြားရောဂါများဖြစ်သောဝဲ နှင်းခူ နှင့် ယားနာများပျောက်ကင်းသည် ။

5. ပင်စိမ်းစေ့ကို ကောင်းစွာကြိတ်ပြီးစားပေးလျှင် ဆီးနှင့်ပတ်သက်သောရောဂါများပျောက်ကင်းသည်။

6. ပင်စိမ်း သတ္တုရည်ကို သံပုရာရည်ရောပြီး တစ်ပတ်တစ်ကြိမ် ခေါင်းလျှော်ပေးပါက သန်း ဗောက်ဖက်များကင်းဝေးမည်။

7. သန့်ရှင်းသောမြေအိုးရေထဲတွင် ပင်စိမ်းအရွက်ထည့်၍ နေ့တိုင်းသောက်ပါက ရောဂါများကင်းဝေးမည်။

8. ပြတ်ရာ ရှရာများကို ပင်စိမ်း အရွက်ထည့်ပေးလာပါက လျှင်မြန်စွာပျောက်ကင်းသည်။

9. အိမ်တွင် ပင်စိမ်းအရွက်များထားခြင်း(သို့) အိမျပတျပတျလညျတှငျဈိုကျထားလြှငျ ခြင် ၊ယင် ၊ပိုးကောင် ၊ မြွေများ ကင်းဝေးမည် ။ ထို့ကြောင့်အိမ်တွင်ပင်စိမ်းအပင်စိုက်ခိုင်းခြင်းဖြစ်သည်။

10. တစ်ရက်တွင် နာရီပေါင်း ၂၀ အောက်စီဂျင် ထုတ်လွှတ်ပေးသောကြောင့် အိမ်တွင် စိုက်ရန် အကောင်းဆုံးအပင်တစ်ပင်ဖြစ်ပါသည် ။

အားလုံးသိ​​စေရန်မျှ​ဝေ​​ပေးလိုက်ပါတယ်

Credit _  Original Post