မိမိခန္ဓာကိုယ်ကိုကြည့်ပြီး ကိုယ်တွင်းရောဂါများအား ခန့်မှန်းခြင်း

 






မိမိခန္ဓာကိုယ်ကိုကြည့်ပြီးကိုယ်တွင်းရောဂါများအားခန့်မှန်းခြင်း

-၁. မနက်စောစော အိပ်ယာမှ ထရင် ဘေးမစောင်းပဲ ပက်လက်အနေအထားအတိုင်း ထကြည့်လိုက်လို့ မောမယ် မထနိုင်ဘူးဆိုရင်.. အဆုတ် နှလုံး ရောဂါရှိနိုင်သည်။

၂. မနက်အိပ်ယာထတွင် ခြေလက်များ ထုံကျဉ် သလိုလို လေးလံသလိုလို ဖြစ်နေရင်..ဆီးချိုရောဂါ

ကျောက်ကပ်ရောဂါ ရှိနိုင်သည်။

၃. မနက်အိပ်ယာထ ခေါင်းတွေအုံ မျက်စိတွေ ကြည့်မကောင်း အကြောတွေတက် ဖြစ်နေလျင်..

သွေးတိုးရောဂါ နှလုံးသွေးကြောကျဉ်းရောဂါ ရှိနိုင်သည်။

၄. ပူပန်စရာ အထူးမရှိပဲ ညစဉ် အိပ်မပျော်သလို အိပ်ရေးမဝသလို ဖြစ်နေလျင်..အစာအိမ် နှင့်

သည်းခြေအိတ် ရောဂါရှိနိုင်သည်။

၅. အမြဲ တခုခုအလိုမကျခြင်း ဒေါသအထွက် မြန်ခြင်း စိတ်တိုခြင်း ဝမ်းနည်းခြင်း ငိုချင်နေခြင်း တို့ဖြစ်နေလျင်..စိတ်ကျရောဂါ အသည်းအားနည်းရောဂါ ရှိနိုင်သည်။

၆. ရင်းသားအရွယ်အစားပုံမှန်ထက်ကြီးသော မိန်းခလေးများ..ရင်သားကင်ဆာ ဖြစ်နိုင်သည်။

၇. လက်မောင်း ခြေသလုံး ပုံမှန်ထက် တုတ်လွန်း ဝလွန်းသော မိန်းခလေးများ..သားအိမ် အသည်းသရက်ရွက် ရောဂါရှိ နိုင်ပါသည်။

၈. မျက်လုံးမို့အစ်ခြင်း မျက်နှာ အဆီပြန်လွန်းပါက လိင်ပိုင်းဆိုင်ရာရောဂါနှင့်

အသည်းအဆီဖုံးရောဂါရှိနိုင်ပါသည်။

၉. ပုံမှန်လက်စွပ်များ ဝတ်မရ ၊ချွတ်မရတော့သည်အထိ လက်ချောင်းပြည့်ဖောင်းလွန်းပါက..

ဂေါက်ရောဂါ ကဲ့သို့ အဆစ်မြစ်ရောင်ရောဂါ ရှိ နိုင်ပါသည်။

၁၀.သွားများ မျက်စိများ ဝါလာခြင်း လက်သည်း ခြေသည်းခွံများ ဝါလာပါက..

အသည်းရောင် အသားဝါB ပိုး C ပိုးရှိနိုင်ပါသည်။

၁၁. မိန်းခလေးများ ဆီးကျဉ်ခြင်း မွေးလမ်းကြောင်း အနံ့အသက်မကောင်းခြင်း ရေအိတ် အလုံး တည်ခြင်းများ ဖြစ်နေပါက..သားအိမ်ကင်ဆာဖြစ်နိုင်ပါသည် ။

၁၂.ယောက်ျားလေးများ ညဘက် ဆီးခဏခဏ သွားခြင်း ဆီးမထိမ်းနိုင် ဖြစ်ပါက..ဆီးကျိတ်ကြီးခြင်း

ကျောက်ကပ် နှင့် ဆီးကျိတ်ကင်ဆာဖြစ်နိုင်သည်။

၁၃.ထိုင်ရာမှ ထ ရာ၌ မူးခြင်းမိုက်ခြင်း ဖြစ်ပါက.သွေးအားနည်းရောဂါ အဆုတ်ရောဂါ

ရှိနိုင်ပါသည်။

အသက်ကိုဥာဏ်စောင့်တာမို့ သတိနဲ့ယှဉ်၍ ရောဂါမဖြစ်ခင် အချိန်မှီကြိုတင်ခန့်မှန်းသိရှိကြစေရန်စေတနာနဲ့ Share ပေးထားခြင်းသာဖြစ်ပါသည်။

Credit : Original post