၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ

 

၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ စက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီး

မိနစ် (၆၀) ဟာ ၁ နာရီဖြစ်ပါတယ်။ဘာ့ကြောင့် ၆၀ ဖြစ်သလဲ..?ဘာ့ကြောင့် ၁၀၀ မဖြစ်တာလဲ..?

အခုလို (၆၀) ကို အခြေထားပြီး တွက်တဲ့စနစ်ဟာခရစ်တော်မပေါ်မီ ၃၅၀၀ ခုနှစ် (BC 3500)

ကတည်းက ဆူမားရီးယမ်း လူမျိုးတွေ စတင်အသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။

 

စက်ဝိုင်းတို့ တြိဂံတို့ဟာ (၆၀) နဲ့ တွက်လို့ရသော ပုံစံများဖြစ်ပါတယ်။ဒီစနစ်ကို ဘေဘီလိုနီယန်း (ဘေဘီလုံ)တွေက ဆက်လက် ကျင့်သုံးခဲ့ပြီးသင်္ချာပညာ နဲ့ နက္ခတ္တဗေဒ ပညာရပ်များမှာ

အသုံးချခဲ့ကြပါတယ်။

 

(၆၀) ကို အခြေယူတဲ့ နည်းစနစ်ကို စက်စီဂျက်စီမယ် (sexagesimal) လို့ခေါ်ပါတယ်။ရှေးအခါက နေ့ နှင့် ည အချိန်များကိုနေ နာရီ၊ ကြယ်တာရာ များကိုကြည့်ပြီးတွက်ခဲ့ကြတာဖြစ်ပါတယ်။

နေ့နှင့်ညကို၂၄နာရီအဖြစ်စတင်သတ်မှတ်တာကတော့ရှေးအီဂျစ်များဖြစ်ပါတယ်။နေနာရီိရဲ့အရိပ်ကိုကြည့်ပြီးနေ့ (၁၀) နာရီ အဖြစ်သတ်မှတ်ကာမိုးသောက်ချိန် ၁ နာရီ၊ ညနေ ၁ နာရီ ရှေ့နောက်ထည့်ပေါင်းပါတယ်။

ညကတော့ ကြယ်တာရာတွေကို ကြည့်ပြီး

၁၂ နာရီအဖြစ် သတ်မှတ်ပါတယ်။

စုစုပေါင်း ၂၄ နာရီပါ။ sexagesimal (၆) နဲ့ စားလို့ ပြတ်တဲ့ ဂဏန်းတွေပါပဲ။

စက္ကန့် (၆၀) ကို ၁ မိနစ်လို့ စပြီး သတ်မှတ်ခေါ်ဆိုခဲ့တာကတော့ ဂရိ နက္ခတ်ပညာရှင် Hipparchus ဖြစ်ပါတယ်

၁နာရီကိုsexagesimalသင်္ချာနည်းနဲ့၆၀ပိုင်းလိုက်တာကို“PrimeMinute”ပထမပိုင်းသေးလို့သတ်မှတ်ပါတယ်

အဲ့ဒီ့ သေးငယ်ခြင်း Minute (မိုင်နျု) ကနေ မိနစ် ဖြစ်လာပါတယ်။

Prime Minute ကို နောက်ထပ် (၆၀) နဲ့ ဆက်ပိုင်းတဲ့အခါ “Second minute” လို့ခေါ်တဲ့ ဒုတိယ အပိုင်း (သေးငယ်ခြင်း) ကို ရပါတယ်။

အဲ့ဒီ့ ဒုတိယ Second ကနေ စက္ကန့် ဖြစ်လာတာ ဖြစ်ပါတယ်။ (Third Minute နဲ့ Fourth Minute တို့လည်း ရှိပါသေးတယ်။)

ကျနော်တို့ သုံးနေတဲ့ နာရီကိုတော့..၁၆၅၆ မှာ ဒတ်ခ်ျလူမျိုး အာကာသပညာရှင်ခရစ်ရှန် ဟူဂျင်း (Christiaan Huygens) က စတင်တီထွင် အသုံးပြုခဲ့တာပါ။ဒါပေမယ့် သူသုံးခဲ့တာ ချိန်သီးပါတဲ့ နာရီမျိုး (Pendulum clock) ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့.. သူ့ရဲ့ နာရီပုံစံဒီဇိုင်းကိုပဲ

တစ်ကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာပဲ ဖြစ်ပါတော့တယ်…။

Credit : Original Author