ချဉ်ဖတ်စိမ်နည်း

 


ချဉ်ဖတ်စိမ်ရင် စဉ့်အိုးလေးနဲ့ထည့်ပြီး စိမ်ကြည့်ပါ အရသာမှာသိသိသာသာကွာပါတယ် တစ်ချို့က ဆန်ဆေးရည်နဲ့စိမ်ကြတယ် ဆန်ဆေးရည်ကအစိမ်းဆိုတော့ပုပ်လွယ်တယ် ထမင်းရည်နဲ့စိမ်ပါနော်ထမင်းရည်ကချက်ထားတာဆိုတော့ ချဉ်ဖတ်အိုးကပိုပြီးခံတယ် ပိုပြီးစားကောင်းပါတယ် ထမင်းရည်ကိုအအေးခံထားပါ ချဉ်ဖတ်ထည့်မယ်အိုးထဲကို ထမင်းရည်အအေးခံထားတာ ထည့်ပေးပါ၊ ဆားထည့်ပါ ပြီးရင်အဖုံးပိတ်ပြီး တစ်ရက်လောက်ထားပေးပါ။နောက်ရက်မှ ကိုယ်ကြိုက်တဲ့ အသီးအရွက်ထည့်ပါ အဖုံးပိတ်ထားပေးပါ ထမင်းနဲ့စိမ်မယ်ဆိုရင် ထမင်းကို နေခြောက်လှန်းလိုက်ပါ။ ရေနွေးတည်ပြီး အအေးခံထားပါ။ ကိုယ်ထည့်မယ့် အိုးထဲကို ထမင်းခြောက်ထည့်ပါ။ အအေးခံထားတဲ့ ရေနွေးထည့်ပါ၊ ဆားထည့်ပါ ပြီးရင် အဖုံးပိတ်ပြီး တစ်ညသိပ်ထားလိုက်ပါ။နောက်ရက်မှ အသီးအရွက်ထည့်ပါဗျ။ ထမင်းနဲ့စိမ်ရင် ချဉ်အိုးက ပိုပြီးခံပါတယ်။ ကတက်ချဉ်ဆို တစ်လလောက်ထိကို ခံပါတယ်ဗျ။ ၂ ရက် ၃ ရက်လောက်နေရင် စားလို့ရပါပြီ။စဉ့်အိုးနဲ့တည်ရင် အဖုံးအုပ်ပြီး နေရောင်အောက်မှာ ထားပေးရင် မြန်မြန်ချဉ်ပြီး စားကောင်းပါတယ် ချဉ်ဖတ်မထည့်တတ်တဲ့သူတွေအတွက် ချဉ်ဖတ်ထည့်နည်းလေးမျှဝေပေးလိုက်ပါတယ် ကိုယ်တိုင်ဓါတုဆေးဝါးမပါပဲလုပ်စားကြည့်ကြပါ

Credit: Original Author