အကုန်အကျသက်သာတဲ့အလွယ်ကူဆုံးအိမ်ကြော်ထမင်းကြော်နည်း

 

အကုန်အကျသက်သာတဲ့အလွယ်ကူဆုံးအိမ်ကြော်ထမင်းကြော်နည်း



ထမင်းကြော်ဖို့ဆို ပေါင်းအိုးထမင်းထက် ရေငဲ့ချက်ထားတဲ့ထမင်းက ပိုစားလို့ကောင်းပါတယ်။

-ချက်ထားတဲ့ထမင်းအိုးကို ယူ၊ ထမင်းကို လက်နဲ့အသာဖွဖွလေး ကျေအောင်ချေ၊

-ခရုဆီ သကြား ဆား ပဲငံပြာရည်လေးထည့် ပြီး အသာလေးထပ်နယ်၊

-ကြက်သွန်နီပါးပါးလှီးထားတာကို ဆီပူပူမှာဆီသတ်၊

-ဘဲဥထည့်ကြော်ပြီး နှံစပ်အောင်မွှေ၊ အရွက်တွေထည့်၊ နွမ်းပြီဆိုမှခုနနယ်ထားတဲ့ ထမင်းထည့်ပြီးကြော်၊ အဆက်မပြတ် အထက်အောက်နှံအောင် မျှတစွာကြော်ပေးမှ တူးနံ့မထွက်တဲ့ထမင်းကြော်အိအိလေးရမှာပါ။ အသားနဲ့ဘဲကြော်ကြော် အသားချောင်းတွေနဲ့ဘဲ ကြော်ကြော် ထမင်းကြော်ဖို့အတွက် အဓိကကျတာ ထမင်းရယ် ထမင်းနယ်တဲ့အခါ အသာယာလေးနယ်ပေးခြင်းရယ် မီးအပူရှိန်ညှိတက်ဖို့ရယ်က အဓိကပါ

Credit: Original Author & Photo