အခုလိုအစစအရာရာအသုံးစာရိပ်ပေသီးခေါက်နေရတဲ့
ခေတ်ကြီးမှာ အိမ်ကြော် မြန်မာခေါက်ဆွဲကြော်နည်းလေးကိုShare ပေးခြင်းဖြစ်ပါတယ်
ခေါက်ဆွဲတစ်အိုးစာ ဆိုင်ရောင်း သုံးပွဲစာဆီ၂ကျပ်ခွဲသားခန့်ခေါက်ဆွဲမိမိကြိုက်နှစ်သက်သောခေါက်ဆွဲသုံးပါ
ဂေါ်ဖီထုပ် သိုမဟုတ်မုန်ညှင်းဖြူ
အနည်းငယ်ရွှေပဲသီး ကြိုက်ရင်ထည့်သုံးပါ အနည်းငယ်
အသား ၂၅ကျပ်သား ကြက်/ဝက်
အိမ်စားရောင်းစား ၅ကျပ်/၁၀ကျပ်သား
ကြက်ဥ ၁လုံးကြိုက်မှထည့်ပါ
ကော်မူန့် ၁ဇွန်း ထမင်းစားဇွန်း ရေ
၁၂၀စီစီခန့် ကော်မူန့်နဲ့ရောပြီးဖျော်ထားပါ
ငံပြာရည် အနည်းငယ်
ကြိုက်မှထည့်ပါပဲငံပြာရည် အဖျစ် အနည်းငယ်ကြက်သားမူန်း ၁ဇွန်းအမောက်
ခရုဆီ ၁ဇွန်းအမောက်အသားကို
ရေနည်းနည်းနဲ့ခဏပြုတ်ပြီရေစစ်ထားပါအသားပြုတ်ရေကိုသိမ်းထားပါ
ကြော်တဲ့အခါသုံးရန်၂၀၀စိစိလောက် ကျနော်ကတော့အသားပြုတ်ရည်ရှိတော့ဆီအပူပေးပြီး
အသားကိုတခါတည်းကြော်တယ်ခဏကြော်ပြီးအရွက်တွေထည့်တယ်ခဏကြော်ငံပြာရေအနည်းငယ်ထည့်ခဏကြော်ဘာကြောင့်လဲဆိုတော့ငံပြာရည်နဲခဏကြော်ရင်ငံပြာရည်အနံသိပ်မထွက်ဘဲမွေးလာအောင်ပါ
ပြီးမှကြက်သားမူန့်ခရုဆီထည့်ပါပဲဆီအဖျစ်ကခေါက်ဆွဲထည့်ပြီးမှထည့်လဲရပါတယ်
ခေါက်ဆွဲမထည့်ခင်အရင်ထည့်ပြီးခဏကြော်တယ်အဲဒါမှပဲဆီကအဖတ်အနှစ်လေးလိုခေါက်ဆွဲမှာဆွဲကပ်နေတာ
ကျနော်အကြိုက်ပြီးရင်ကြက်ဥထည့်လို့ရပါပြီကြက်ဥထည့်ရင်ခေါက်ဆွဲ
အိုးအလယ်ထည့်လဲရပါတယ်
ဘေးထည့်လဲရပါတယ်ထည့်ပြီးခဏမမွှေရမကျက်တကျက်ဖြစ်ရင်ခေါက်ဆွဲလှန်ပါသုံးလေးခါပြီးတာနဲ့ကြက်သားပြုတ်ရေထည့်ပါဆူးလာတာနဲ့ဖျော်ထားတဲ့ကော်ရည်ထည့်ပါအဖုံးခဏပိတ်စက္ကန့်၃၀နပ်လိုက်ရင်ခေါက်ဆွဲအိပြီးစားလို့ကောင်းပါတယ်
Credit: original Author & Photo (google)
.jpg)