(၁)ကုလားပဲပြုတ်သည့်အခါ ဆီ
နနွင်းမု့န့် ချင်း ထောင်းပြီးထည့်ပါ( ဆားမထည့်ရ)
ပဲနူးပြီးမှ ဆားထည့်ပါ။ပဲနံ့မရတော့ပါ ဆိမ့်သည့်အရသာ
ဖြစ်ပါလိမ့်မည်။
(၂)ငါးပြုတ်လျှင် စပါးလင်
အရင်းပိုင်းများထောင်းပြီးအိုး၏အောက်မှာထားပြီး ငါးကိုတင်ပါ ငံပြာရည် ငရုတ်သီး
အပွခြောက် ၃ .တောင့်ထန်းလျက်ညို ၂ ခဲထည့်ကာပြုတ်ပါ။
ငါးများနူးလာရင်ဆယ်၍ အအေးခံပါ။ငါးပြုတ်ရည်ကိုစကာနှင့်စစ်ပြီးပြန်တည်ထားပါ။
(၃)ကြက်သွန်နီ ၊ကြက်သွန်ဖြူ၊ ဂျင်း ထောင်းကာဆီသတ် ငရုတ်သီး
အရောင်တင်မုန့်နနွင်းမုန့်တည့်ကာအနံမွေးလာရင်ငါးပြုတ်နွှင်ထားတာတည့်လိုက်ပါ ။
ငါးဆီသတ်ရင် ခြောက်မသွားစေရပါ။ငါးကြော်လိုမဖြစ်စေရ။အရောင်ညီလာလျှင်ငါးဆီသတ်ထဲသို့..
ငါးပြုတ်ရေအနည်းငယ်ထည့်ရမယ်။ ငါးမွှေအိအိလေးဖြစ်ပါစေ။
(၄)ပြီးရင်ငါးဆီသတ်ထားတာကို ငါးပြုတ်ရေအိုးထဲသို့ထည့်ပေးလိုက်။ပဲပြုတ်ကို
ထည့်ပါ။
(၅)ဟင်းရည်ဆူလာရင် ဆန်လှော်မုန့် ရေကျုကျဲဖျော်ထည့်ပေးနော်။
.ကြန်သွန်နီဥ ငရုတ်ကောင်း
မုန့်ခတ်ပေးပါက အရသာ ရှိလွန်းသော ဟသ်ာတ မုန့်ဟင်းခါး ကို မိသားစု
ပျော်ရွင်စွာသုံးဆောင်နိုင်ကြပါစေ
Credit : Original Author & Photo
