Introduction
Website တစ်ခု ဘယ်လိုလုပ်မလဲ
Step(1)
Websiteတစ်ခုလုပ်ချင်တယ်ဆိုရင် Hosting ဝယ်ရပါတယ်။
အခု Hostingဝယ်စရာမလိုပဲ Google ရဲ့Free Hosting ဖြစ်တဲ့Bloggerကို သုံးပါမယ်
Step (2)
ကိုယ်သုံးလိုက်တဲ့ Hostingမှာ Websiteကို ဆောက်ရမယ်။
Step (3)
Website လုပ်ပြီးပြီဆိုရင် လူတွေ သူ့တို့ ဖုန်း/Computerကနေ အလွယ်တကူ ဝင်၊လာလို့ရအောင် Website Domain လိပ်စာ ဝယ်ရပါတယ်။
Domain ကို ပိုက်ဆံ မလိုပဲ Free ရအောင် ဘယ်လိုလုပ်မလဲ။ ပိုက်ဆံ ပေးပြီး Domain ဘယ်လို ဝယ်ရမလဲ။ ဘယ်လို ချိတ်ရမလဲ ဆိုတာ သီးသန့် တင်ပြသွားပါမယ်။
Website တစ်ခုလုပ်မယ်ဆိုရင် သူများလို Websiteအတွက် လစဉ်/နှစ်စဉ် ငွေကြေးအများကြီး ကုန်မှာ မဟုတ်ပါဘူး။ တစ်နှစ်မှာ Domainဖိုး (မြန်မာငွေအနဲဆုံး 7000ks) လောက်ပဲ ကုန်မှာ ဖြစ်ပါတယ်။
2020ကစပြီး Googleအနေနဲ့ Websiteဖန်တီးလို့ရတဲ့ ဒီBloggerကို အရင်တုန်းကထက် ပြုပြင်မှုတွေ အများကြီး လုပ်လာတာတွေ့ရပါတယ်
(တကယ်ပြောရရင် Googleအနေနဲ့ Bloggerကို Updateမလုပ်တာ နှစ်ပေါင်းများစွာကြာပါပြီ။ အဲ့ဒါကြောင့် လူသိနည်းတာပါ)
ဒါပေမယ့် အခုတော့ တစ်လပြီးတစ်လ အရမ်းလန်းတဲ့ ပုံစံအသစ်နဲ့ သုံးရတာ လွယ်အောင် ပြောင်းလဲမှုတွေ လုပ်တာတွေ့ရတယ်။ အရင်ကထက် ပိုလန်းလာတယ်။
သုံးရတာ မရှုပ်တော့ဘူး။ အရင်တုန်းက ပုံစံ အဟောင်းဆိုရင် ဖုန်းနဲ့ ပိုစ့်တင်တာ အရမ်းခက်တာ။
ဒါပေမယ့် အခုဆိုရင် ဖုန်းနဲ့လည်း လွယ်လွယ် သုံးလို့ရလာတယ်။ ဖုန်းနဲ့ ပိုစ့်တင်ရတာလည်း လွယ်လာတယ်။(Computerတောင်မလိုတော့ဘူး)
အဲ့ဒါကြောင့် Bloggerပုံစံက တစ်လပြီးတစ်လ ပုံစံအသစ်တွေ ပြောင်းလဲလာပါတယ်။
Websiteတစ်ခု အလွယ်ကူဆုံး နည်းလမ်းနှင့် ပြုလုပ်နည်း
Websiteတစ်ခု အလွယ်ကူဆုံး နည်းလမ်းနှင့် ပြုလုပ်နည်းကို ပိုပြီး နားလည်လွယ်အောင် ပုံနှင့် ရှင်းပြပါမယ်။
(1)- သင့် ဖုန်း/Computer ထဲက Browser ကနေ www.blogger.com ထဲကို သွားပါ။
(2) CREATE YOUR BLOG ကို နှိပ်ပါ။
(3) - သင့် Gmail ကိုဖြည့်ပြီး
(4) - Next ကို နှိပ်ပါ။
(5) - သင့် Gmail Password ကို ဖြည့်ပါ။
(6) - ပြီးရင် Next ကို နှိပ်ပါ။
(7) - Titleမှာ သင့် Website အတွက် နာမည်ကို ရေးပါ။ (မြန်မာစာနဲ့ ရေးရင်လည်းရပါတယ်။) (8) - ပြီးရင် Next ကို နှိပ်ပါ။
(9) - Address မှာ သင့် Website အတွက် လိပ်စာ ရေးပေးပါ။ (English စလုံးပဲ ဖြစ်ရမယ်)
Address ရေးတဲ့အခါမှာ နာမည်တူ တွေရှိရင် မရပါဘူး/တခြားနာမည် ခက်တာတွေ ထည့်ပါ။
(10) - ပြီးရင် Nextကို နှိပ်ပါ။
(11) - Display Name မှာ သင့်နာမည်( ဒါမှမဟုတ် ကုမ္ပဏီ နာမည်) ကို ရေးပါ။ (Websiteမှာ ပိုစ့်တင်တဲ့အခါ ပေါ်မယ့်နာမည်ဖြစ်ပါတယ်)
(12) - ပြီးရင် Nextကို နှိပ်ပါ။
ဒါဆိုရင် Website တစ်ခုလုပ်တာရပါပြီ။
(13) - NEW POSTက Websiteထဲကို ပိုစ့်တင်တဲ့နေရာဖြစ်ပါတယ်။ ပိုစ့်တင်ချင်ရင် NEW POSTကနေ တင်ပါ။
(14) Websiteနဲ့ ပတ်သက်တဲ့ အကြောင်းအရာ(Description)ထည့်ဖို့ Settings ထဲကို သွားပါ။
(15) Description ကို နှိပ်ပါ။
(16) - Description မှာ သင့်ရဲ့ Websiteနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ရေးပါ။
(17) - ပြီးရင် Save လိုက်ပါ။
(18) - View blog မှာ ကိုယ်လုပ်တဲ့ Website ကို ကြည့်နိုင်ပါတယ်။
(19) - Websiteတစ်ခု ရပါပြီ။ အနီနဲ့ ပြထားတဲ့ဟာက Websiteရဲ့ Domain လိပ်စာပါ။