အိမ်မီတာ Error Codes

 





       ကျွန်‌တေ်တို့အိမ်ရှိ အသစ်တပ်ဆင်ထားသော Digital meter လျှပ်စစ်မီတာပေါ်တွင် Error နံပါတ်များဖြင့် အချက်ပြမီးလင်းလျှင် ဘာ့ကြောင့်ဖြစ်တယ်ဆိုတာကိုတော့ သိထားရန်လိုအပ်ပါတယ်။

Error-1

မီတာကို By pass ပြုလုပ်ထားခြင်း ( မီတာ အဝင်ကြိုးနဲ့အထွက်ကြိုးကိုခွ၍ကြိုးတစနဲ့ တိုက်ရိုက်ချိတ်ဆက်) မီတာတွင် Error -1 လို့ပေါ်နေမည်။

Error-2

မီတာအဝင်မှာ Line(phase)နှင့်neutral အအေးကြိုးကို ပြောင်းပြန်တပ်ထားလျှင် မီတာပေါ်တွင် Error-2 လိုပေါ်နေမည်။

Error-3

မီတာအဝင် Neutral ကြိုးတပ်ထားသော်လည်း မီတာအထွတ်တွင် neutral ကြိုးကိုမသုံးဘဲ မြေဓာတ်ကျထားသော ကြိုးနှင့် သုံးစွဲခြင်း(သို့)Body earth ကျနေခြင်း ၊ ၎င်း Earthကျနေ သော Body နှင့် Neutral ကြိုး၏ ပေါက်ပြဲနေ သောအစိတ်အပိုင်း နဲ့ထိနေခြင်းတို့ကြောင့် Error-3ပေါ်ခြင်း။

Error-4

မီတာအထွက်ဘက်ရှိ...ဝန်အားတစ်စိတ်တစ်ပိုင်းကို မြေဓာတ်ချပြီး

သုံးစွဲခြင်းတို့ကြောင့် Error-4ပေါ်ခြင်း။

Error-5

မီတာရဲ့ Terminal cover(ကြိုးအဝင်အထွက်) လုပ်တဲ့ အစိတ်အပိုင်းကို အုပ်ထားသော အဖုံးကိုဖြုတ်လျှင် Error-5 ပေါ်ခြင်း။

 Error-6

မီတာအဝင်အထွက်ကြိုးကို အဝင်ကိုအထွက်၊အထွက်ကိုအဝင်လုပ်ပြီး

ပြောင်းပြန်တပ်ဆင်ထားလျှင် Error-6ပေါ်ခြင်း

Error-7 

မီတာရဲ့ သတ်မှတ်ပေးထားသော ဝန်အား ထက် ပိုမိုကျော် လွန်ပြီး ရှိသမျှ လျှပ်စစ် ပစ္စည်းတွေကို စုပြုံသုံးလို့ ဝန်အားပိုဖြစ်လျှင် Error-7ပေါ်ခြင်း။

Error-8

မီတာအဝင်ဖက် Neutral ကြိုးကိုဖြုတ်တာဖြစ် ဖြစ်၊ဖြတ်တာဖြစ်ဖြစ် ဒါမှမဟုတ်တတ်ထား သလိုလုပ်ထားခြင်း၊တစ်ခုခုလုပ်ထားပြီး မီတာရဲ့ အထွက်ဘက်Lineကြိုးကိုထွက်ပြီး Neutral ကြိုးကိုတော့ Neutral

ကြိုးအစားအပြင်မှာမြေဓာတ်ချ သုံးစွဲခြင်း ဆိုလိုတာက မီတာဆီပါဝါမရောက်အောင် ပြု လုပ်ထားလျှင် Error-8ပေါ်ခြင်း။

Error-9

မီတာဆီပါဝါမရောက်အောင်ပြုလုပ်ခြင်း ပုံမှန်ဆို မီတာအဝင် Phaseတစ်ကြိုး၊ Neutralတစ်ကြိုးတပ်ခြင်းကိုမတတ်ဘဲနှစ်ပေါက်လုံးကို Phaseတပ်ထားလျှင် Error-9ပေါ်ခြင်း။

Credit: original Auther