၁။အလုပ်
၂။ကျန်းမာရေး
၃။မိသားစု
၄။ပတ်ဝန်းကျင်နဲ့
၅။မိမိ ကိုယ် ဖြစ်ပါတယ်
😅ဒီ အပိုင်း ငါးပိုင်းကို ဘောလုံးများအဖြစ်တင်စားနိုင်ပါတယ်။
အ လုပ်ကို ကိုယ်စားပြု တဲ့ဘောလုံးကတော့သားရေနဲ့လုပ်ထားတဲ့ဘောလုံးဖြစ်ပြီး
ကျန်လေးလုံးကတော့ ဖန်နဲ့ လုပ်ထားတဲ့ ဘောလုံးတွေ ဖြစ်ပါတယ်။
😀အလုပ်ကို ကိုယ်စားပြုတဲ့ သားရေဘောလုံးကတော့ လွတ်ကျရင် ဘာမှမဖြစ်ပါဘူ: ။ ကျန်တဲ့ဘောလုံးတွေက ပဲ့၊နိုင် ကွဲနိုင် မှာဖြစ်ပါတယ်။
😉 ဒါကြောင့် အလုပ်ထက် ကျန်းမာရေး မိသားစု ပတ်ဝန်းကျင်နဲ့ မိ မိ ကိုယ် ကို ပိုဂရု စိုက်ရပါမယ်
အလုပ်ကို အလေးမထားရဘူလို့မဆိုလိုပါဘူး
ဟန်ချက် ညီ ညီ စဥ်းစားတတ်ဘို့ ကိုသာ တိုက်တွန်းပါတယ်။ ဒီ ကိုဗစ် ၁၉ ကာလမှာပိုပြီးအရေးကြီးပါတယ်။
😒 လူ့ဘဝရဲ့ အထက်ပါ အစိတ်အပိုင်း ငါး ခုစလုံး ခွဲမစဥ်းစားပဲ ပေါင်းစဥ်းစားဘို့လိုအပ်မှာဖြစ်ပါတယ်။
ကိုဗစ် ၁၉ ကာလ အိမ်ကတဆင့် အ လုပ်လုပ်ရာမှာလိုအပ်တာထက်အလုပ်တွေပိုပြီးလုပ်တတ်တဲ့သဘောရှနိုင်တယ် အမှန်တော့ အိမ်ကတဆင့် အလုပ် လုပ်တဲ့ အခါ တနေ့ လေးနာရီထက်မကျော်သင့်ဘူး။
အလုပ်ချိန် က မနက် ၉ နာရီကနေ ညနေ ၅ နာရီဖြစ်ပေမဲ့ ညနေ ၆ နာရီ ၇ နာရီ အထိ အလုပ် လုပ်နေရတာတွေ ဂုဏ်ယူနေကြတယ်။ အမှန်တော့ အလုပ်ချိန်များတာရှက်စရာ။ လိုချင်တဲ့ရလဒ်တွေရဘို့က အဓိကပါ။
အခုဆို ကိုဗစ် ၁၉ အလွန်ကာလကိုစဥ်း စားနိုင် မဲ့ အခြေ အနေ ရှိနေပြီ နိုင်ငံတကာမှာလဲ အလုပ်တွေပြန်လည်ဖွင့်ဘို့ ကြီုးစားနေရတာတွေ့ရတယ်။ အလုပ်တွေ ပြန်ဖွင်ကြတဲအခါ နဂို မူလအတိုင်း ဖြစ်လိမ့် မယ် လို့ယူ လို့ မဖြစ်နိုင်ဘူး နဂိုမူလဆိုတာ မရှိတော့ ဘူး ။ ပုံမှန် အသစ်နဲ့ ရင်ဆိုင်နေရမှာ အရင်လိုပဲ အလုပ်နဲ့ဘဝကို စဥ်းစားလို့ မရတော့ဘူး။ ပုံမှန်အသစ်နဲ့ စဥ်းစားဘို့လိုအပ်တယ် ။
အလုပ်ကိုဦးစားပေးရင် မိသားစုအရေးကို အလျော့ပေးပြီး။ မိသားစုကို ဦးစားပေးရင်
အလုပ်ကို အလျော့ပေးရမဲ့သ ဘော ခွဲခြား မစဥ်းစာဘဲ
အလုပ်လဲ ဘဝ ။ ဘဝလဲ အလုပ် ပူးပြီးစဥ်းစားနိုင်ဘို့ လိုအပ်တယ်။
အမှန်တော့ ကျွန်တော်တို့ ဟာ ပြီးပြည့်စုံ မှုမရှိကြပါဘူး။ အရာရာ ခြောက်ပြစ်ကင်း သဲလဲစင်မဟုတ်ကြပါဘူး အားနည်းချက်တွေရှိကြတယ် လိုအပ်ချက်တွေရှိကြတယ် အလုပ်ခွင်မှာ ရှိနိုင် သလို မိသားစု နဲ့ ပတ်သက်လာရင်လည်း ရှိ့နိုင်မှာ။ မိ မိ ရဲ့မပြည့်ဝတဲ့ အခြေအနေကိုလက်ခံပြီး အခြေ အနေ တခုမှာအကောင်ဆုံးဖြစ်အောင်သာ ကြီုးစားကြရမှာ။
ရာနှုန်းပြည်မရနီုင်ပေမဲ့ လက်ခံနိုင်တဲ့ အနေအထားတခု ရအောင်တော့ကြီုးစားကြရမှာ။ အလုပ် ၊မိသား စု ၊ ပတ်ဝန်းကျင်နဲ မိ မိ ကိုယ်အတွက်ပြည့် ဝ တဲ့ဘဝကို ရနိုင်အောင်ကြိုးစားကြရမှာသာ ဖြစ်ပါတယ်။
( PhD ဆောင်းပါးမှကောက်နှုတ် ကောက် နုတ် ဖေါ် ပြ ပါ သည် ) Link : 😉
(Credit : Author, PhD .Dr Aung Tun Thet)
