အိမ်ကို ဘယ်အချိန် ပြန်ရောက်ရမယ်၊ အင်တာနက်ကို အချိန်ဘယ်လောက်ပဲ သုံးရမယ်၊ ဘယ်လို လိမ္မာယဉ်ကျေးရမယ် စသဖြင့် အိမ်တိုင်းလိုလို စည်းကမ်းတွေ သတ်မှတ်တတ်ကြပါတယ်။
ဒါပေမဲ့ အိမ်စည်းကမ်းတွေ ချိုးဖောက်မိရင်ကော။ ပြီးခဲ့တာတွေကို ပြောင်းလဲလို့ မရပေမဲ့ အခြေအနေ ပိုဆိုးမသွားအောင် လုပ်ဆောင်နိုင်ပါတယ်။ လုပ်ဆောင်နိုင်ပုံကို ဒီဆောင်းပါးမှာ ဖော်ပြထားတယ်။
- မလုပ်သင့်တဲ့အရာများ
- ပိုကောင်းတဲ့ ဖြေရှင်းနည်း
(၁) မလုပ်သင့်တဲ့အရာများ
- စည်းကမ်းတစ်ခု ချိုးဖောက်မိတာကို မိဘတွေ မသိဘူးဆိုပါစို့။ ကိုယ့်အမှားကို ဖုံးဖိထားဖို့ စဉ်းစားမိနိုင်တယ်။
- စည်းကမ်းတစ်ခု ချိုးဖောက်မိတာကို မိဘတွေ သိသွားတယ် ဆိုပါစို့။ ဆင်ခြေပေးဖို့၊ တခြားတစ်ယောက်ကို အပြစ်ပုံချဖို့ စဉ်းစားမိနိုင်တယ်။
ဒါတွေကို မလုပ်သင့်ဘူး။ ဘာကြောင့်လဲ။ ကိုယ့်အမှားကို ဖုံးထားတာ၊ ဆင်ခြေဆင်လက်ပေးတာဟာ မရင့်ကျက်သေးတဲ့ လက္ခဏာတွေ ဖြစ်လို့ပဲ။ ရင့်ကျက်ဖို့ လိုသေးတယ်လို့ပဲ မိဘတွေ မြင်ပါလိမ့်မယ်။
“လိမ်ညာတာက ဖြေရှင်းနည်း မဟုတ်ဘူး။ တစ်ချိန်မဟုတ်တစ်ချိန် အဖြစ်မှန် ပေါ်လာမှာပဲ။ အဲဒီအချိန်ကျမှ ရမယ့် ပြစ်ဒဏ်က အစကတည်းက ရိုးရိုးသားသား ဝန်ခံလို့ ရတဲ့ ပြစ်ဒဏ်ထက် ပိုဆိုးလိမ့်မယ်။”—ဒိုင်ယာနာ။
(၂) ပိုကောင်းတဲ့ ဖြေရှင်းနည်း
- အမှန်အတိုင်း ဝန်ခံပါ။ ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ဖို့ မိဘတွေ မတောင်းဆိုပါဘူး။ ဒါပေမဲ့ ရိုးသားဖို့တော့ မျှော်လင့်တယ်။
- တောင်းပန်ပါ။ ဆင်ခြေတွေ ပေးချင်စိတ်ကို ချိုးနှိမ်ပြီး “မှားသွားပါတယ်” လို့ ပြောနိုင်ဖို့ နှိမ့်ချမှု လိုအပ်တယ်။
အကြံပြုချက်- မိဘတွေ တောင်းဆိုတာထက် ပိုလုပ်ပေးခြင်းအားဖြင့် ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း ပြပါ။ ဥပမာ၊ နောက်တစ်ကြိမ် အပြင်သွားတဲ့အခါ သတ်မှတ်ထားချိန်ထက် နောက်မကျရင်တောင် အိမ်ပြန်လာနေပြီဆိုတာ မိဘတွေကို အကြောင်းကြားပါ။ ဒါဆိုရင် ‘မိဘတွေရဲ့ ယုံကြည်မှု ပြန်ရချင်တယ်’ လို့ အသိပေးရာရောက်တယ်။
ဒီဆောင်းပါးကို jw.org ကနေ ကူးယူခြင်းဖြစ်ပါတယ်။
ပိုစ့်တင်သူ- Myint Kyaw Tunleft-sidebar


