ဓာတ်ဆီနဲ. ဒီဇယ် မှားပြီး သင့်ကားမှာထည်.မိရင် ဘာဖြစ်နိုင်သလဲ ?



ဓာတ်ဆီနဲ. ဒီဇယ် လောင်စာဆီမှားပြီး သင့်ကားမှာထည်.မိရင် ဘာဖြစ်နိုင်သလဲ ?

သင်ဟာ ဓာတ်ဆီအင်ဂျင်ကားတစီးကို မောင်းနေတဲ့ ယာဉ်မောင်းသူတယောက်ဖြစ်ရင်ဖြစ်မယ် ၊ ဒီဇယ်အင်ဂျင်ကားကို မောင်းနေတဲ့ ယာဉ်မောင်းတယောက်ဖြစ်ရင်ဖြစ်ပါမယ် ။ သင့်ကား ဆီဖြည့်စဉ်မှာ ဆီဆိုင်က ဓာတ်ဆီကားကို ဒီဇယ်

မှားထည်.လိုက်မိတယ် ၊ ဒီဇယ်ကားကို ဓာတ်ဆီမှားထည်.လိုက်မိတယ်ဆိုပါစို. ၊( ဖြစ်ခဲပေမယ့် ဖြစ်တော့ဖြစ်တတ်ပါတယ် ) ၊ သင်ကလည်း အမှုမဲ့ အမှတ်မဲ့ ဆီမှားထည်.လိုက်တာမသိဘဲ ကားစက်နှိုးလိုက်မိတယ်ဆို သင်ကားအင်ဂျင်

ဘာတွေဖြစ်သွားနိုင်မလဲဆိုတာကို သိပ္ပံနည်းကျ လက်တွေ.ကျကျ ဆွေးနွေးတင်ပြချင်ပါတယ် ။

ဆီမှားထည်.တဲ့ ပြသနာဘာတွေဖြစ်နိုင်တယ်ဆိုတာကို မသိခင် ဓာတ်ဆီအင်ဂျင်နဲ. ဒီဇယ်အင်ဂျင်တို.ရဲ. မတူကွဲပြားတဲ့ အင်ဂျင်တည်ဆောက်ပုံ မီးလောင်ပုံလေးတွေကို သိထားရင်ပိုကောင်းပါတယ် ။ ကျနော်အရင်ရေးထားတဲ့ ပိုစ့်မှာ

ရှာဖွေဖတ်နိုင်ပါတယ် ။

အခုတင်ပြချင်တာက ဓာတ်ဆီနဲ. ဒီဇယ်ဆီတို.ရဲ. မတူကွဲပြားတဲ့ ဂုဏ်သတ္တိတွေကိုပါ ။

ဓာတ်ဆီ၏ ဂုဏ်သတ္တိများ

အငွေ.ပျံလွယ်သည် ၊ ပုံမှန်အပူချိန်တွင် လွယ်ကူစွာ အငွေ.ပျံသည် ။

အရောင်မရှိ ၊ ထွင်းဖောက်မြင်နိုင်သည် ၊ အနံ.အနည်းငယ်သင်းပျံ.သည် ။

မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် ( Flash Point ) = -10 to -15 ' C (or) 14 to 15 ' F

နိပ်သောသိပ်သည်းဆ (0.60 to 0.78)

ဆီနှင့်ရာဘာထဲသို. စိမ့်၀င်နိုင်သည် ။

အပူချိန်ပမာဏ ( 9500 to 10500 Kcal / Kg 0r 4300 to 4800 Kcal / lb )

အေးနေသော အင်ဂျင်ကို စတင်နိုးချိန်တွင် လေနှင့်ဆီရောနှောမှုလွယ်ကူစေရန် လွယ်ကူသော အငွေ.ပျံစွမ်းရည်ရှိသည် ။

ဒီဇယ်၏ ဂုဏ်သတ္တိများ

ဒီဇယ်ကို ရေနံစိမ်းမှ အပူချိန် 200 ' C -300 ' C (104 to 212 ' F ) ရှိသည် ။

ဒီဇယ်သည် ရေနံဆီ ဓာတ်ဆီတို.ထက် နောက်ကျပေါင်းခံထားသော လောင်စာဆီဖြစ်သည် ။

အဝါရောင်သန်းသည် ၊ သင်းပျံ.သောရနံ.ရှိသည် ။

မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် ( Flash Point ) မြင့်မားပြီး 40 to 100 ' C (or) 104 to 212 '

သိပ်သည်းဆ ( 0.82 to 0.86 )

အပူချိန်ပမာဏ အနီးစပ်ဆုံး ( 10500 ' Kcal / Kg or 4800 Kcal / lb )

နိမ့်သောအပူချိန်တွင် အရည်အဖြစ်တည်ရှိနေရမည် ။

ဒီဇယ်သည် အင်ဂျက်ရှင်းပန်. ( Injection Pump ) နှင့် နော်ဇယ် (Nozzle ) များအတွင်းချောဆီအဖြစ်ဆောက်ရွက်ရသဖြင့် စေးပျစ်ပြီး ချောဆီဂုဏ်သတ္တိရှိရမည် ။

ဆီနှစ်ခုရဲ. မတူညီတဲ့ ဂုဏ်သတ္တိနှစ်ခုကို သိပြီဆိုရင် အခု ဓာတ်ဆီအင်ဂျင်ထဲကို ဒီဇယ်ဆီမှားထည်.ကြည်.ပါမယ် ။

ဓာတ်ဆီအင်ဂျင်ထဲကို ဒီဇယ်ဆီထည်.ပြီး စက်နိုးလိုက်ရင် ဘာဖြစ်မလဲ ?

အဖြေကတော့ ဘာမှမဖြစ်ပါဘူး ။ သင့်ကားအင်ဂျင် စက်နှိုးလာမှာမဟုတ်ပါဘူးခမျာ ။ စနစ်တကျပြန်ရှင်းပြပါမယ် ။

ဓာတ်ဆီအင်ဂျင်မီးလောင်ပေါက်ကွဲပုံက ဓာတ်ဆီနှင့်လေ အရောအနှောတွေကို အင်ဂျင်ထဲထည်. ဖိသိပ်ပြီး ပလက်ကနေမီးပေါက်ပေးပြီး မီးလောင်ပေါက်ကွဲမှုဖြစ်စေတာပါ ။ ဒီလိုအင်ဂျင်လည်ပတ်မှုဖြစ်စဉ်ဖြစ်စေဖို.

ဓာတ်ဆီကိုက သူ.ဂုဏ်သတ္တိအရ လေနဲ.ရောနှောရင် အဆင်ပြေစေဖို. အငွေ.ပျံလွယ်တဲ့စွမ်းရည်သတ္တိရှိပါတယ် ။ ဒီလိုအင်ဂျင်ထဲကို အငွေ.မပျံလွယ်တဲ့ ဒီဇယ်ထည်.လိုက်တဲ့အခါ ဒီဇယ်

ဟာ အငွေ.မပျံဘဲ အရေတွေအဖြစ်နဲ.ပဲတည်ရှိနေလို. လေနဲ.အရောအနှောမှာ ပေါက်ကွဲမီး

လောင်စေဖို. ဘယ်လိုမှမလွယ်ကူစေပါဘူး ။ နောက်တချက်က ဓာတ်ဆီရဲ. မီးလောင်လွယ်နိုင်စွမ်းပမာဏက မြင့်မားပြီးသားမို. အင်ဂျင်တည်ဆောက်ပုံကိုက အပူချိန်များစေတဲ့ တမင်ဖိနှိပ်မှုများတွေမပါ၀င်ပါဘူး ။

ဒီတော့ ဒီလိုအင်ဂျင်ထဲမှာ မီးလောင်မလွယ်နိုင်တဲ့ ဒီဇယ်ဆီဟာ မီးလောင်ဖို.လိုအပ်တဲ့အပူချိန်မရရှိလို. မီးလောင်ကျွမ်းဖို.မဖြစ်နိုင်ပါဘူး ။

ဒီတော့ ဓာတ်ဆီအင်ဂျင်ထဲ ဒီဇယ်ထည်.မိပြီး စက်နှိုးလိုက်ရင် ဘာမှမဖြစ်နိုင်ပါဘူးခမျာ ။ ဓာတ်ဆီကားမောင်းသူတွေကံကောင်းပါတယ် ။ မတော်မှားထည်.မိရင် စက်နှိုးမရတာကလွဲလို. အင်ဂျင်မထိခိုက်ဘဲ

ဆီတိုင်ကီ ထဲက ၊ ပိုက်လိုင်းတွေထဲက မှားထည်.မိတဲ့ ဒီဇယ်တွေကို ကုန်အောင်ထုတ် ဓာတ်ဆီပြန်ထည်.မောင်းလို.ရပါတယ် ။ ကဲဓာတ်ဆီအင်ဂျင်ပြီးတော့ ဒီဇယ်အင်ဂျင်အလှည့်ပေါ့ ။

ဒီဇယ်အင်ဂျင်ထဲကို ဓာတ်ဆီမှားထည်.ပြီး စက်နှိုးမောင်းမိရင် ဘာဖြစ်မလဲ ?

အဖြေက ခေတ်စကားနဲ.ပြောရရင် မြွေခြောက်ကိုက်သလိုပါပဲဗျာ ။ အင်ဂျင်ရယ် ဆက်စပ်ပစ္စည်းတွေ အကုန်ဂန်.သွားနိုင်ပါတယ် ။ စနစ်တကျပြန်ရှင်းပြပါမယ် ။

ဒီဇယ်အင်ဂျင်မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်က ဒီဇယ်အင်ဂျင်ထဲကို လေတမျိုးထဲကိုသာ Inlet ကနေ သွင်း ၊ အဲ့လိုကိုပဲ အပူချိန်အများကြီးရအောင် Piston ဖိအားတွေနဲ. အတင်းဖိသိပ် ၊ တော်ရုံမီးမလောင်နိုင်တဲ့ ဒီဇယ်ဆီတွေ

မီးလောင်လောက်တဲ့ အပူချိန်ရောက်ပြီဆိုမှ ဒီဇယ်ဆီတွေကို နော်ဇယ်ကနေ သတ်မှတ်အတိုင်းအတာအဖြစ် အမှုန်အမွှားလေးတွေဖြန်းပေးခြင်းဖြင့်မီးလောင်တာပါ ။ အဲ့လိုအင်ဂျင်ထဲကို မီးလောင်လွယ်လွန်းတဲ့ ဓာတ်ဆီထည်.ပါပြီတဲ့

ဗျာ ။ အပူချိန် အနှုတ်ဒီဂရီမှာတောင်မီးလောင်နိုင်တဲ့ ဓာတ်ဆီဟာ မလောင်လောင်အောင် အပူချိန်နဲ.ဖိအားတွေပေးထာတဲ့ အင်ဂျင်ထဲမှာ စည်းမဲ့ကမ်းမဲ့ အထိန်းအကွပ်မဲ့ မီးလောင်ကျွမ်းမှု

( Uncontrolled Combustion ) ဖြစ်ပါတော့တယ် ။ အဲ့လိုဖြစ်တဲ့အတွက် အင်ဂျင်သံမီးလောင်မှုကို နားမထောင်တဲ့ ယာဉ်မောင်းနဲ.ဆိုရင် သတိမမူမိဘဲ အချိန်အတော်ကြာမောင်းလိုက်မယ်ဆိုရင်ပဲ

အင်ဂျင်အတွင်းက မီးလောင်ခန်းသုံး ပစ္စည်းတွေဖြစ်တဲ့ Piston , Valve , Cylinder Head , Cam Shaft အစရှိတဲ့ ဆက်စပ်ပစ္စည်းတွေအကုန်ပျက်စီးပါမယ် ၊ ၀ပ်ရှော့ပို.ပြီး အင်ဂျင်ချရမယ် ။ အတွင်းပစ္စည်းတွေအကုန်ပြုပြင်လဲလည်ရ


နိုင်ပါတယ် ။ ဒါတွင်ပဲလားဆို မဟုတ်သေးပါဘူး ။ ဒီဇယ်အင်ဂျင်မှာ သုံးနေတဲ့ နော်ဇယ်တွေ အင်ဂျက်ရှင်းပန်.တွေဟာ ဒီဇယ်ရဲ. စေးပျစ်မှု ချောဆီသဘောကို မှီခိုပြီးရပ်တည်နေပါတယ် ။ အဲ့လိုပစ္စည်းတွေထဲကို စေးပျစ်မှုမရှိတဲ့ ဓာတ်ဆီ

ထည်.လည်ပတ်လိုက်တဲ့အတွက် ချောဆီစနစ်ပျက်စီးပြီး နော်ဇယ်တွေ အင်ဂျက်ရှင်းတွေပါ အပိုလိုက်ဂန်.ပါမယ် ၊ တခြား ရာဘာစီးတွေမှာလည်း ဓာတ်ဆီဟာပျော်၀င်ကုန်တာမို. အင်ဂျင်တခုလုံးပျက်စီးမှုမျိုးစုံကြုံတွေ.ရပါမယ် ။

ဒီဇယ်အင်ဂျင်ယာဉ်မောင်းဆရာတွေ သတိပြုကြစေလိုပါတယ် ။ ဓာတ်ဆီမှားမထည်.မိဖို.ရယ် မှားထည်.မိရင်တောင် စက်နှိုးပြီးပြီးချင်သိပြီး အချိန်မှီ အခြေအနေမဆိုးခင်ရပ်တန်.ဖို.ရယ်ပါ ။

ဒီလောက်ဆို ဆီမှားထည်.တဲ့ ပြသနာကနေ အင်ဂျင်တွေဘာဖြစ်နိုင်တယ်ဆိုတာ ကွဲကွဲပြားပြားသိလောက်ပါပြီ ။

နောက်ဆုံး သတိပေးချင်တာက ဒီဇယ်အင်ဂျင်ထဲ ဓာတ်ဆီ လုံး၀ (လုံး၀)ထည်.မောင်းလို.မရပါခမျာ ။

Credit: Original post

 

Post a Comment

0 Comments