ကား ဘက်ထရီ ခေါင်း ဖြုတ်မိသောအခါ ကြုံရနိုင်သော ပါဝါဝင်းဒိုး ပြသာနာ





- ကား ဘက်ထရီ ခေါင်းဖြုတ်မိသောအခါ၊ ယာဉ်မောင်းသူ တံခါးပေါက်ရှိ ပါဝါဝင်းဒိုး မိန်း ခလုတ်မှ ယာဉ်မောင်းဘက် တံခါးမှန်မှလွဲ၍ ကျန် တံခါးပေါက် ၃ခုမှ မှန်များအား ယာဉ်မောင်းသူဘက်မှ အတင်အချ ပြုလုပ်၍ မရတော့ပါ။
ကျန် တံခါးပေါက် ၁ခုချင်းဆီမှသာ အတင်အချ ပြုလုပ်နိုင်တော့ခြင်း မျိုးဖြစ်တတ်ပါသည်
ဒီအချိန်မှာ မှန် အတင်အချ ခလုတ်မှာ ပါသော မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် သာ လင်းနေပါမယ် ...
ခုလိုဖြစ်နေရင် ဝါယာရိန်းဆိုင် သို့ ပြေးစရာ မလိုဘဲ ကိုယ်တိုင် အလွယ်တကူ ဖြေရှင်းနိုင်ပါတယ် ..
ဘယ်လိုလုပ်ရမလဲ ?
ကားစက်နိုးထားပါ ...
ယာဉ်မောင်းသူဘက်မှ မှန်အတင်အချ ပြုလုပ်မရသော
တံခါးပေါက်ဆီသွားပြီး မှန်အတင်အချခလုတ်ကို နိပ်၍
မှန် ကို အဆုံးထိ တင်ပါ ...(Master control ကလုပ်၍မရ၊Local control ကတော့ရသောကားများသာ)
အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ
၃ စက္ကန့် လောက် ဆက် ' မ ' ထားပေးပါ..
ပြီးနောက် မှန်ကို အဆုံးထိချပါ
အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ
၅ စက္ကန့် လောက် ဆက် ' ဖိ ' ထားပေးပါ..
ထိုသို့ အတင်အချ ၃ကြိမ် ပြုလုပ်ပါ ။
(မသေချာမှာ စိုးလို့)
ကျန်တံခါးပေါက်အသီးသီးကိုလည်း အထက်ပါ နည်း အတိုင်း တံခါး၁ပေါက်ချင်း ပြုလုပ်ပေးပါ ..
ပြုလုပ်မူ အောင်မြင်ရင် ခလုတ်မှ မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့ဘဲ ငြိမ် သွားပါတယ် ...
ယာဉ်မောင်းသူဘက် မိန်းခလုတ်မှ အပေါက်တိုင်းမှ မှန်များကို အတင်အချ လုပ်ကြည့်ပါ ။
မရသေး သော တံခါးပေါက် ကျန်ရှိနေပါက
အထက်ပါ နည်းအတိုင်း
ပြန်လည်ပြုလုပ်ပေးပါ ..
ရသွားပါလိမ့်မယ်...

.
Credit: Original

Post a Comment

0 Comments